စစ်သွေးကြွများ ဟု ယူဆရသူ ၁၀၅၀ ဦးကို တူရကီဖမ်းဆီး


 အန်ကာရာ ၊ ၂၉-၇-၂၀၁၅

 တူရကီ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် နိုင်ငံအတွင်း အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို စတင်ချိန်မှ စ၍ စစ်သွေးကြွ များဟု ယူဆရသူ ၁ဝ၅ဝ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ၏ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင် များသည် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအတွင်း စီးနင်းမှုများ ပြုလုပ် ခဲ့ပြီးနောက် စစ်သွေးကြွ ဟု ယူဆရသူများကို ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံထား ရသူများ အနက် အများစုမှာ ISIS စစ်သွေးကြွ အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ (PKK) တို့မှဖြစ်ကြောင်း အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တူရကီ အာဏာပိုင် များသည် နိုင်ငံအတွင်း မကြာသေးမီက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ISIS စစ်သွေးကြွ များ၏ ခြိမ်းခြောက်မှု များနှင့် စပ်လျဉ်း၍ နေတိုးတပ်ဖွဲ့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment