![]() |
| ပျောက်ဆုံးနေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးမရဲ့ ဓာတ်ပုံကို ဆွေမျိုးတွေ ကိုင်ပြီး အကူအညီတောင်း (Credit: Reuters) |
အမျိုးသမီး ၁၁ ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မက္ကဆီကို မြောက်ပိုင်း Chihuahua ပြည်နယ်က အမျိုးသား ငါးယောက် ထောင်ချခံရတာ ဖြစ်ပါတယ်။
ဒါဟာ အမျိုးသမီးတွေကိုပဲ ရွေးချယ်သတ်ဖြတ်တဲ့ အမှုအဖြစ် ကိုင်တွယ်ပြီး အရှည်ဆုံးသော ထောင်ဒဏ်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ လူငါးယောက်ဟာ အမျိုးသမီးတွေကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းချတဲ့ လုပ်ငန်းတွေ၊ လိင်အလုပ်သမ တွေအဖြစ် ခိုင်းစားပြီး အသုံးမဝင်တော့တဲ့ တနေ့မှာ သတ်ပစ်လိုက်တာလို့ ဆိုပါတယ်။
တစ်ယောက်ကို ထောင်ဒဏ် ၆၉၇ စီ ချမှတ်တဲ့အပြင် အပြင် သေဆုံးသူ အမျိုးသမီးတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို အမေရိကန် ဒေါ်လာ ၅ သိန်း နစ်နာကြေး ပေးဖို့လည်း တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အမျိုးသမီး ၁၁ ယောက်ရဲ့ အလောင်းကို ၂၀၁၂ ခုနှစ်တုန်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မက္ကဆီကို နိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း အမျိုးသမီး အယောက်ပေါင်း ၃၈၉၂ ယောက် သတ်ပစ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese

0 comments:
Post a Comment