နောက်တက် ဟစ်ဟော့ လူငယ်တွေထဲမှာ သူ့ရင်ကို ဒုန်းကနဲ ၀င်ရောက်လာတဲ့ အဆိုတော်မရှိသေးပါဘူးဆိုတဲ့ ဂျောက်ဂျက်


၂၀၀၄ ခုနှစ်မှ စတင်ပြီး ဂီတလောကထဲကို ၀င်ရောက်လာခဲ့သလို မြန်မာနိုင်ငံရဲ့ ဟစ်ဟော့ပ်ဂီတ ဖန်တီးသူအနုပညာရှင်တွေထဲမှာ ထိပ်တန်းအနေအထားရှိနေတဲ့ သူကတော့ ဂျောက်ဂျက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထွက်မယ်၊ ထွက်မယ်နဲ့ ၂ နှစ်လောက် အချိန်ကြာနေတဲ့ တိုင်းသိပြည်သိ အမ်တီဗီနဲ့ပတ်သက်ပြီးလဲ သိလိုသမျှမေးမြန်းဖြစ်ခဲ့သမျှကတော့
-အခုလတ်တလော လုပ်ဖြစ်နေတဲ့ ဂီတလှုပ်ရှားမှု။
-ဒီလကုန် မဟုတ်ရင် ရှေ့လဆန်းမှာ တိုင်းသိ ပြည်သိ အမ်တီဗီထွက်ပါမယ်။
-ပြင်ဆင်ချိန်က အရမ်းကြာသွားတယ်နော်။
ဟုတ်ကဲ့။ ၂ နှစ်လောက်ကြာသွားပါတယ်။ ပြင်ဆင်ချိန်ဆိုတာထက် ကိုယ့်ဟာကိုယ်မျောပြီး အပျင်းကြီးနေတာနဲ့ကြာနေတာပါ။
-အခွေမှာရော ဘယ်လိုပုံစံမျိုးတွေ ပါမလဲ။ ပရိသတ်မျှော်မှန်းတဲ့ အတိုင်းရောထွက်လာပါ့မလား။
ဒါကတော့ အခွေထွက်ပြီးမှ အားလုံး ဆုံးဖြတ်ရမှာပေါ့။ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလဲ ရှိမှာပဲ။ လူတစ်ယောက်က ကိုယ့်အခွေကို မကောင်းပဲနဲ့ တော့ မထုတ်ပါဘူး။ ကြည့်တဲ့လူအပိုင်းကလဲ မကောင်းတဲ့အခွေကို မကောင်းတဲ့ အတိုင်းခံစားမှာပဲ။ အဲ့ဒါတွေကတော့ တစ်ယောက်ချင်းအမြင်နဲ့ပဲဆိုင်တာပေါ့နော်။
-Audio အခွေထဲက သီချင်းတွေကို ပြောင်းလဲ တာမျိုးရောရှိလား။
၂ပုဒ်ဖြုတ်ပြီးတော့ တစ်ပုဒ်အသစ် ထပ်ထည့်ပါတယ်။ ဖြုတ်လိုက်တယ်ဆိုတာကလဲ ၂ နှစ်လောက်ကြာသွားတယ်ဆိုတော့ ကျွန်တော်နဲ့Featuring တွဲဆိုထားတဲ့ ကျွန်တော့်သူငယ်ချင်း အောင်ဟိန်း ဆိုတဲ့ တစ်ယောက်ပါတယ်။ သူ့ကိုလဲ တိုင်ပင်တော့ သူကလဲ အဲ့ဒီသီချင်းကို သိပ်မကြိုက်တော့ဘူး။ အဲ့ဒါနဲ့အဲ့ဒီသီချင်းကိုဖြုတ်လိုက်ပြီး သီချင်းသစ် တစ်ပုဒ် ထပ်ထည့်တယ်။ J me နဲ့တွဲဆိုထားတဲ့ သီချင်းပါ။ သီချင်းသစ်က တစ်ပုဒ်ထဲပဲ။ သီချင်းအားလုံးက ၁၁ ပုဒ်ပါပါမယ်။
-အစ်ကိုအမ်တီဗီပေါ် အားရကျေနပ်မှုက။
အပုဒ်တိုင်းနီးပါးကိုတော့ မဟုတ်ပေမဲ့ အခွေတစ်ဝက်လောက်ကိုတော့ ကျွန်တော်အရမ်းအားရအောင် ရိုက်ထားပါတယ်။ အဲ့ဒီအားအရဆုံး သီချင်းတွေကလဲ ပရိသတ်ကြိုက်ပြီးသား သီချင်းတွေပါပဲ။
-ဆင်ဆာအပေါ် မှာ အစ်ကို့ရဲ့ အမြင်ကရော ဘယ်လိုရှိလဲ။
လွတ်လွတ်လပ်လပ်က ဘာမှ ရိုက်ခွင့်မရသေးပါဘူး။ ကျွန်တော်ကြည့်ရသလောက်ပေါ့။ စည်းနဲ့ကမ်းနဲ့ထိန်းနိုင်တဲ့ လူငယ်တစ်ယောက်ဆိုရင်တော့ ဒါတိုးတက်မှုကို သွားပါတယ်။ စည်းနဲ့ကမ်းနဲ့မထိန်းနိုင်ဘူးဆိုရင်တော့ အဲ့ဒီလူတစ်ယောက်က ဆင်ဆာ ဘယ်လောက်ပဲပေးပေး ပျက်စီးသွားမှာပါပဲ။ လူထုကို စုတ်ပြတ်သတ်သွားအောင် လုပ်နိုင်တဲ့ လူတစ်ယောက်ပါပဲ။ ဆင်ဆာပိတ်ထားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ခုနကလိုမျိုး ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ချင်တဲ့အနေနဲ့ လူကောင်းရော၊ လူဆိုးရောကြောင့် မျှပြီး ပိတ်လိုက်ရတာပါ။ အဲ့ဒီလိုမှမဟုတ်ပဲနဲ့ လူတွေအားလုံးက ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ်ဆင်ဆာပေးထားတာကို ကိုယ့်အသိဥာဏ်လေးနဲ့ကိုယ်ထိန်းပြီး လုပ်မယ်ဆိုရင် အဆိုးဖြစ်စရာမရှိဘူးလို့ထင်ပါတယ်။
-ကိုယ်တိုင်ရိုက်ထားတာတွေရောပါမလား။
ကျွန်တော်ရိုက်ထားသမျှ ဗီဒီယိုတွေအားလုံးကို ပေါင်းပြီး Edit လုပ်ပြီး ကိုယ့်ဟာကိုယ် သီချင်းလေးတစ်ပုဒ်နဲ့ပြန်ထည့်ထားတာ။ ကိုယ့်ဟာကိုပဲ edit လုပ်တယ်။ အပျော်လေးတွေပေါ့။ ကျွန်တော်နေထိုင်တဲ့ ဟာလေးတွေကို ရိုက်ထားတာပေါ့။ နေရာပေါင်းစုံမှာ ကျွန်တော် ရိုက်ထားတဲ့ ဟာလေးတွေကိုစုပြီး မင်းရဲ့ ကိုယ်ပွားဆိုတဲ့ အချစ်သီချင်းနဲ့တွဲထားတာပါ။
-အစ်ကို့ဘ၀အကြောင်းတွေထည့်ရိုက်ထားတာမျိုးရောရှိလား။
ဟုတ်ကဲ့။ တစ်ပုဒ်ပါပါတယ်။ ဘုရားပေးတဲ့ သစ္စာဆိုတဲ့ သီချင်းလေးပါ။ ကျွန်တော်ရယ် လွှမ်းပိုင်ရယ်ဆိုထားတာပါ။
-အခြားဒါရိုက်တာတွေအနေနဲ့ကရော။
မေဘရဏီ၊ ထက်ယံ၊ အောင်မြတ်၊ ချမ်းငြိမ်းစိုး၊ သီဟ၊ နောက်၂ ယောက်ကျန်သေးတယ်။ ကျွန်တော်နာမည်မေ့နေလို့ပါ။
-လူငယ်နောက်တက် အဆိုတော်လေးတွေအတွက် အားပေးစကား။
တက်လာပါ။ ကျွန်တော်တို့လက်ကမ်းကြိုနေတိုင်းလဲ တက်လာချင်မှ တက်လာကြတာ။ အောက်က ကမ်းမဲ့လူက ကိုယ်တွေဆီရောက်လာမှ ရတာ။ ရန်ကုန်မြို့တစ်မြို့လုံးကိုလဲ ပတ်ရှာနေလို့မရဘူး။ ကျွန်တော်တို့လဲ လိုက်မရှာနိုင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ဆီရောက်အောင် လာခဲ့ပါ။ တကယ်ကောင်းတဲ့ လူဆိုကောင်းတဲ့နေရာရောက်အောင် ကျွန်တော်တို့ဆွဲခေါ်နိုင်ပါတယ်။ အဓိကက join တစ်ခုကို ကျွန်တော်တို့ လုပ်ပေးနိုင်ပါတယ်လို့။
-နောက်တက်ဟစ်ဟော့ အဆိုတော်လူငယ်တွေထဲမှာ အစ်ကိုအာရုံကို လှုပ်ခတ်သွားနိုင်တဲ့လူရောတွေ့မိလား။
နောက်တက်လူငယ်တွေအားလုံး သူ့ဟာနဲ့သူတော်ကြပါတယ်။ အဲ့လိုကြီးတော့ သိပ်မတွေ့သေးဘူး။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲကို ဒုန်းကနဲရောက်လာမဲ့ အဆိုတော်တော့ ခုထိမတွေ့သေးပါဘူး။
-အစ်ကိုတို့ခေတ်တုန်းကနဲ့ ခုခေတ်ကိုနှိုင်းယှဉ်ပြပါဆိုရင်။
အရမ်းကွာသွားတယ်။ ရူးသွပ်မှုတွေ နည်းကုန်ကြတယ်။ အရင်တုန်းက အရမ်းရူးခဲ့တဲ့သူတွေကလဲ အသက်တွေကြီးလာကြပြီ။သူ့အလုပ်နဲ့သူဖြစ်ကုန်ကြပြီ။ နောက်လာမဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်ထဲကို ထည့်ပေးဖို့ပဲ ကျွန်တော်တို့မှာ ရှိပါတော့တယ်။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment