ထိုင်းရောက် မြန်မာနိုင်ငံသား မဲပေးဖို့ စာရင်းသွင်းသူ ၂၀၀ ကျော်သာရှိ


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ထဲကနေ မဲပေးဖို့ဆန္ဒပြုထားတဲ့သူတွေ အောက်တိုဘာ ၁၇ ရက် စနေနေ့မနက် ၉ နာရီကနေ ၄ နာရီအထိ ဘန်ကောက် မြန်မာသံရုံးမှာ မဲပေးနိုင်ကြောင်း သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားတွေရော ကျောင်းတက်နေသူတွေရော သိန်းချီရှိနေပေမယ့် မဲပေးဖို့ စာရင်းပေးထားသူက ၂၂၄ ဦးပဲ ရှိတယ်လို့ သံရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မဲပေးဖို့ စိတ်မ၀င်စားဖြစ်နေတာဟာ မဲပေးဖို့ လုပ်ရတဲ့ အဆင့်တွေ များတဲ့အတွက်ကြောင့် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် ဥက္ကဌ ဦးစိန်ဌေးက ဘီဘီစီကို ပြောပါတယ်။

မဲပေးလို့ရတယ်လို့ ပြောပေမယ့် လုပ်ရတဲ့အဆင့်ဆင့်က အများကြီး၊ ပထမဆုံး ကိုယ့်ရဲ့ မွေးရပ်ဒေသမှာရှိတဲ့ အိမ်ထောင်စုစာရင်းရှိတဲ့နေရာက မဲစာရင်းမှာ နာမည်ပါရအုံးမယ်၊ နာမည်မပါရင် ဟိုမှာပဲ လျှောက်လွှာတင်းခိုင်းရမယ်၊ အဲလို နာမည်ပါပြီးမှ သံရုံးမှာ ဖောင်တင်လို့ရမယ်၊ ဒါက အလုပ်သမားတွေအတွက် ဘယ်လိုမှ အဆင်ပြေတဲ့နည်းလမ်းမဟုတ်ဘူး၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အဆင်ပြေတဲ့ နည်းလမ်းမဟုတ်ဘူးလို့ ဦးစိန်ဌေးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကြားထဲမှာ တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူက အလွန်ဆုံးရှိရင် ၃ သောင်းလောက်သာရှိပြီး အလုပ်သမား ၂ သန်း နီးပါးလောက်က ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ မဲပေးလို့ မရကြောင်း ဦးစိန်ဌေးက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment