စူပါမော်ဒယ် မင်္ဂလာပွဲ ကောင်းကင်ယံ လေယာဉ်မပျံရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ပြဿနာတွေတက်




အစ္စရေးနိုင်ငံသူ နာမည်ကြီး စူပါ မော်ဒယ် ဘာရာဖေးလီက သူ့မင်္ဂလာဆောင် ကျင်းပရာ ဟိုတယ် ကောင်းကင်ယံတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ မေတ္တာရပ်ခံမှုနှင့် ပတ်သက်ပြီး အစ္စရေး ပို့ဆောင်ရေး ၀န်ကြီးနှင့် လေကြောင်းပို့ဆောင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးတို့ အငြင်းပွား စကားများစရာ ဖြစ်ခဲ့ရကြောင်း သိရသည်။

မင်္ဂလာပွဲ ကျင်းပမည့် အစ္စရေး မြောက်ပိုင်းရှိ ဟိုတယ် ကောင်းကင်ယံ ဝေဟင်ကို ပိတ်ထားပေးမည်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူးက သဘော တူလိုက်သည်။ စူပါမော်ဒယ် မင်္ဂလာဆောင် ဖို့အတွက် ဝေဟင် ပိတ်ပေးလျှင် ညွှန်ကြားရေးမှူး ဖျာလိပ်ပြီး အထုပ်သာ ပြင်ထားပေတော့ဟု ပို့ဆောင်ရေးဝန်ကြီး ယီစ္စရေး ကတ်ဇ်က ဒေါသတကြီး ကြိမ်းမောင်းခဲ့သည်။ နောက်ဆုံးတွင်ကား မင်္ဂလာပွဲ ကျင်းပသည့် ကြာသပတေးနေ့က ဟိုတယ် ကောင်းကင်ယံ ဝေဟင် ပိတ်ထားခွင့် မရလိုက်ကြောင်း သိရသည်။

အသက် (၃၀) အရွယ် ရာဖယ်လီသည် အစ္စရေးတွင် နာမည်အကြီးဆုံး စူပါမော်ဒယ် ဖြစ်သည်။ အစ္စရေးသား ဘီလီယံ နာသူဌေး အဒီအီဇာနှင့် လက်ထပ်ပွဲကို ဟိုင်ဖာမြို့အနီး ကာမယ်ဖောရတ်စ် ဟိုတယ်တွင် ကြာသပတေးနေ့က ကျင်းပခဲ့သည်။

ဝေဟင်မှ ဓာတ်ပုံရိုက်ရန် ဒရုန်း ငါးစီး၊ ရဟတ်ယာဉ် နှစ်စီး၊ မီးပုံးပျံ တစ်လုံး အသုံးပြုထား သောကြောင့် အခြားလေယာဉ် များအတွက် အန္တရာယ် ရှိနိုင်သဖြင့် မင်္ဂလာပွဲ ကျင်းပနေချိန်တွင် ဝေဟင် ပိတ်ထားပေး ဖို့ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်း ဘေးကင်း လုံခြုံရေးကို ရှေးရှုကာ လေကြောင်း ပို့ဆောင်ရေး အဖွဲ့က ဝေဟင်ပိတ်ထားပေး မည်ဟု ကနဦး သဘောတူခဲ့ခြင်း ဖြစ်သည်။

““အစ္စရေး ဝေဟင်ဟာ အစ္စရေး နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက် အထူးခံစားခွင့် မပေးနိုင်ဘူး””ဟု ပို့ဆောင်ရေး ၀န်ကြီး မစ္စတာ ကတ်ဇ်က ပြောဆိုကာ ခွင့်ပြုချက် တောင်းခြင်းကို ပယ်ချခဲ့သည်။
messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment