
အလုပ်ခွင်တွင် ၀န်ထမ်းများ ပျော်ရွှင်ရေးသည် အလွန်အရေးပါသည်။ ၀န်ထမ်းများ ပျော်ရွှင်မှ အလုပ်အောင်မြင်မည် ဖြစ်သည်။ ထို့အတွက်ကြောင့် အလုပ်ရှင်များသည် ၀န်ထမ်းများ ပျာ်ရွှင်အောင် ပြုလုပ်ပေးကြသည်။ ၀န်ထမ်းများကို ကျေးကျွန်သဖွယ် ခိုင်းစေပြီး ပျော်ရွှင်မှုရှိအောင် ထားနိုင်ခြင်း မရှိပါက နောက်ဆုံး ထိခိုက်မည့်သူမှာ အလုပ်ရှင်သာ ဖြစ်သည်။ ၀န်ထမ်းများ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရှိအောင် နည်းပေါင်းစုံ ဖန်တီးပေးလေ့ရှိရာ ယခုပြုလုပ်ခဲ့သော အစီအစဉ်သည် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ဟန်ဇူးဒေသရှိ ကုမ္ပဏီတစ်ခုသည် ၀န်ထမ်းများ ပျော်ရွှင်ရန်အတွက် ရုံးတက်သည့်အခါ မျက်နှာဖုံးများ တပ်ဆင်စေခဲ့သည်။ ယင်းသို့ ပြုလုပ်ခြင်းကြောင့် ၀န်ထမ်းများ ပျော်ရွှင်စေလိမ့်မည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ယူဆထားကြသည်။
ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် လုပ်ငန်းခွင် ၀န်ထမ်းများ စိတ်ဖိစီးမှု မရှိရန်အတွက် မျက်နှာဖုံးများ တပ်ဆင်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ခြင်းကြောင့် ၀န်ထမ်းများအကြား ပျော်ရွှင်မှုရရှိစေပြီး လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မှုရှိလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ၀န်ထမ်းများကို အလုပ်ဖိခိုင်းနေခြင်းသည် လုပ်ငန်းခွင် အတွက် အကျိုးမရှိကြောင်း ဟြေကြားခဲ့သည်။ ၀န်ထမ်းများကို မျက်နှာဖုံးစွပ်ပြီး ရုံးတက်စေပြီးနောက် ခေါင်းအုံးရိုက်ပွဲကိုလည်း ကစားစေခဲ့သည်။ တရုတ်ကုမ္ပဏီများသည် ၀န်ထမ်းများ စွမ်းဆောင်မှု တက်လာရန် ကြိုးစားနေပြီး ပြီးခဲ့သည့် လပိုင်းကလည်း နည်းပညာ ကုမ္ပဏီတစ်ခုသည် ချောမောလှပသည့် အမျိုးသမီး ၀န်ထမ်းများကို ခန့်အပ်ကာ အမျိုးသား ၀န်ထမ်းများအား ပျော်ရွှင်အောင် ပြုလုပ်စေခဲ့ကြောင်း သိရသည်။
messenger news journal
0 comments:
Post a Comment