ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေး(င) ရုံရှေ့တွင် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ မိန်းမက ယောက်ျားကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ (၂၅. ၉. ၁၅) နံနက်(၇) နာရီခန့် အချိန်တွင် ကို..........(၄၈)နှစ်သည် ၎င်း၏ မိန်းမဖြစ်သူ မ.........(၄၂)နှစ်နှင့် လူမှုရေးကိစ္စ စွပ်စွဲပြောဆိုရာမှ လင်မယားချင်း စကားများရန်ဖြစ်ပြီး၊ မိန်းမဖြစ်သူက ယောက်ျားဖြစ်သူအား အသုပ်ရောင်းသည့် ဗန်းအတွင်းမှ ဓားဖြင့်ထိုး၍ ထွက်သွားခဲ့သည်။ အမျိုးသားဖြစ်သူမှာ အခင်းဖြစ်ပွားသည့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဓားဖြင့် ထိုးသတ်ခဲ့သူအား ဒေါပုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ပန်းဘဲတန်း မြို့မရဲစခန်းမှ ဒုရဲအုပ် မောင်မောင်မြင့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် (ပ)၂၇၂/၂၀၁၅၊ ပြစ်မှုပုဒ်မ (၃၀၂) ဖြင့် ပန်းဘဲတန်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေး အရေးယူထားကြောင်း သိရသည်။
The Messenger Media
http://messengernewsjournal.com

0 comments:
Post a Comment