
ကျနော့်ရင်ထဲ ထိရှသွားတဲ့ ပိုက်ဆံစာလေးတစ်စောင် **********
ပိုက်ဆံများတွင်ရေးသားထားသောစာများ ကျနော်မကြာခဏ မြင်ဖူးဖတ်ဖူးပါသည်။ ဒီလောက် ကျနော့် နှလုံးသားကို ထိခိုက်စေသော ပိုက်ဆံစာကို မဖတ်ဖူးပါ။
ယခုရေးသားထားသော လက်ရေးသည် အသက်ငယ်သောကျောင်းသူလေး တစ်ယောက်က ရေးသား ထားခြင်းဖြစ်တန်သည်။ လက်ရေးနှင့် စာလုံးပေါင်းသတ်ပုံကို ကြည့်ပြောခြင်းဖြစ်သည်။
ရေးပုံကိုလည်းကြည့်ပါဦး …
သို့
အဖေအဖေ
အရက်မူးလာရင် အေအေးစေစေအိပ်ပါ။
အမေ့ကို ရန်မရှာပါနဲ့။
သမီးတို့ တကယ်စိတ်မကောင်းပါဘူး။ (သတ်ပုံမူရင်းအတိုင်း)
ကျနော် ဒီစာဖတ်ပြီး တော်တော်စိတ်မကောင်းဖြစ်သွားသည်။ ထိုမိသားစု ဘယ်လိုနေမယ်ဆိုတာကို ပုံရိပ်ဖော်မိသည်။ အတွေးများစွာ ဖြန့်ကျက်မိသည်။ စာလေးက စကားလုံးပေါင်းများစွာ ပုံရိပ်ပေါင်းများစွာကို ကိုယ်စားပြုသည်။
သမီးလေးကို သနားမိသည်။
စာကျက်ရင်းမူးပြီးပြန်လာသောအဖေကို မပြောရဲဘဲ ပိုက်ဆံပေါ်တွင် ရင်ဖွင့်ထားဟန်တူသည်။
ကျနော် ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာ ချလိုက်သည် ငါ့သားသမီးတွေ အလှည့်ကျရင် ဒီလိုစာမျိုး ဘယ်တော့ရေးစရာမလိုစေရလို့သာ သန္နိဌာန်ချလိုက်ပါသည်။
@@@ကျော်သူရ ***
Source...myanmarlatestnews.com
0 comments:
Post a Comment