တပ်မတော် နှင့် ရဲဝန်ထမ်း မိသားစုများ၏ မဲစာရင်း ရွေးကောက်ပွဲနီးမှ ကြေညာမည်

Untitled-1 copy


မဲပေးခွင့်ရှိသူ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေရဲ့ မိသားစုဝင် မဲစာရင်းတွေကို ရွေးကောက်ပွဲကျင်းပကာနီးအချိန်မှ ကြေညာပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးရဲမြင့်က ဒီဗွီဘီကိုပြောပါတယ်။
သူတို့တွေအနေနဲ့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေရတဲ့ သူတွေဖြစ်တာကြောင့် အခြေခံမဲစာရင်း ကောက်ခံခဲ့ခြင်းမရှိခဲ့လို့ မဲပေးခွင့်ရှိသူစာရင်းကို ကြိုတင်မကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး တပ်မတော်သား မဲပေးခွင့်ရှိသူတွေရဲ့ မဲစာရင်းကို ကြိုတင်မကြေညာခဲ့တဲ့အတွက် သူတို့တွေရဲ့ မဲတွေက ပါတီတခုအတွက် ဖြစ်သွားမှာကို ပါတီတချို့ရဲ့ ကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။
ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖိုးရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုကိုးကျွန်းမှာ ဆိုရင် မြေပြင်ရှိနေတဲ့ တပ်မတော်သား မဲပေးခွင့်ရှိသူတွေ အရေအတွက်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းက ကွာဟနေတယ်လို့ အဲဒီဒေသမှာဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
တပ်မတော်သားမဲပေးခွင့်ရှိသူ မိသားစုဝင်တွေရဲ့ မဲတွေကို တပ်မတော်နဲ့ နည်းစပ်တဲ့ ပါတီကသာ ရရှိမယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ တရားသောနည်းနဲ့ပဲ ယှဉ်ပြိုင်သင့်တယ်လို့ ရခိုင်အမျိုးသားပါတီ  ရမ်းဗြဲအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်ပေါ်နားလည်မှုရှိတဲ့သူကိုသာ မဲပေးပါလို့ တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။
 
DVB Burmese
http://burmese.dvb.no/

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment