မလုံမခြုံဝတ်ဆင် ဖျော်ဖြေခဲ့သည့် အဆိုတော်ကိစ္စ စုံစမ်းမည်

c1_707856_150926142135_620x413


စက်တင်ဘာ ၁၉ ရက်က ထိုင်းနိုင်ငံ နွန်ထဘူရီ လူမှုလုံခြုံရေးရုံး(အက်စ်အက်စ်အို)မှာ ကျင်းပတဲ့ပွဲမှာ အဆိုတော်က မလုံမခြုံဝတ်ဆင် ဖျော်ဖြေခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဖြစ်ရပ်ကို စုံစမ်းဖို့ အလုပ်သမား ၀န်ကြီးဌာနက ညွန်ကြားလိုက်ပါတယ်။
စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒီကိစ္စကို စောင့်ကြည့်ပြီး လာမယ့် သီတင်းပတ်မှာ စုံစမ်း စစ်ဆေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
ပွဲကျင်းပသူတွေနဲ့ အဆိုတော်တွေကို အက်စ်အက်စ်အို အရာရှိတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့အပြီး အခုလို စုံစမ်းသွားမှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမှာ အမျိုးသမီးအဆိုတော်က မပေါ်တပေါ်နဲ့ ဖျော်ဖြေခဲ့သလို ပါတီက ၀န်ထမ်းတဦးက ငွေထုတ်ပေးခဲ့တဲ့အတွက် အစိုးရ ဘဏ္ဍာငွေတွေကို အသုံးပြုနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒီဖြစ်ရပ်ကြောင့် အက်စ်အက်စ်အို အတွင်းရေးမှူးကို ရာထူးက ရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ကြည့်နေပါတယ်။ အစောပိုင်းက အဆိုတော်က ဖော်ျဖြေရေး အစီအစဉ်မှာ မပါခဲ့ဘူးလို့ ဆိုပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment