ရုရှားဘီလျံနာ တစ်ဦးပိုင်ဆိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရွက်လှေ



ကမ္ဘာပေါ်မှာ အကြီးဆုံး လို့ဆိုရမယ့် စူပါရွက်လှေ ဟာ ပေ ၃၀၀ အမြင့်ရှိသလို သဘောင်္ကုန်းပတ် ၈ ခု ရှိပြီး ရေအောက် စူးစမ်းလေ့လာရေးအခန်း တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ထို ရွက်လှေ အတွက် စတာလင်ပေါင် သန်း ၂၆၀ သုံးစွဲပြီးတည်ဆောက်ခဲ့ရတယ်လို့လည် သိရပါတယ်။

ထို သဘောင်္ကို Andrey Igorevich Melnichenko ဆိုသူ သန်းကြွယ်သူဋ္ဌေး က ပိုင်ဆိုင်ပြီး ထိုရွက်လှေကို "Sailing Yacht A" လို့နာမည်ပေးထားပါတယ်။ သူက ထို ရွက်လှေ သဘောင်္ကို ဂျာမနီနိုင်ငံ ၊ Kiel မြို့ကို စတင် ပြီး ရေကြောင်းခရီး အဖြစ် စမ်းသပ်ခဲ့ပါတယ်။

ထို စူပါရွက်လှေပေါ်မှာတော့ ဧည့်သည် အယောက် ၂၀ စာ ကောင်းကောင်း ဧည့်ခံနိုင်မယ့် အခန်းတွေလည်း ပါရှိပြီး သဘောင်္ အဖွဲ့ဝင် ၅၄ ယောက်လည်း ပါဝင်သလို ထို ရွက်လှေဟာ ဒီဇယ်နဲ့ အီလက်ထရစ် စပ်ပေါင်း လောင်စာ ဖြစ်တဲ့အတွက် အမြန်ဆုံး တစ်နာရီကို ၂၄ မိုင်နှုန်း မောင်းနှင်နိုင်မယ်လို့လည်း သိရပါတယ်။

"Sailing Yacht A" ဟာ Philippe Starck ဆိုသူ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပြီး German Naval Yards လို့ခေါ်တဲ့ အဖွဲ့က တည်ဆောက်ထားတာဖြစ်ပါတယ်။ Sailing Yacht A ဟာ မစ္စတာ Melnichenko ရဲ့ အခြား ရွက်လှေတစ်စီး ဖြစ်တဲ့ Motor Yacht A ကို အခြေခံပြီး ပြန်လည်ပြုပြင်ထားတာဖြစ်တယ်လို့သိရပါတယ်။ ထို Motor Yacht A ဟာလည်း ရုရှား ဘီလျံနာ သူဋ္ဌေး Melnichenko အတွက် စတာလင်ပေါင်သန်း ၁၉၀ ခန့် ကုန်ကျခဲ့သေးတယ်လို့လည်း သိရပါတယ်။


အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ သန်းကြွယ်သူဋ္ဌေး ဘီလျံနာ Melnichenko ဟာ EuroChem ဆိုတဲ့ ဓါတ်မြေသြဇာ ကုမ္မဏီ ၊ Suek ကျောက်မီးသွေး ထုတ်လုပ်ရေး ၊ SGK မီးစက် နဲ့ TMK ပိုက်ထုတ်လုပ်ရေး တို့ကို ပိုင်ဆိုင်ပြီး စတာလင်ပေါင် ၆ ဘီလီယံ ခန့် ကြွယ်ဝ ချမ်းသာတယ်လို့လည်း သိရပါတယ်။ သူကိုယ်တိုင်ကတော့ Sailing Yacht A ကို ဖန်တီးခြင်းရဲ့ ကျောက်တိုင် လို့ တင်စားခေါ်ဝေါ်ထားပါသေးတယ်။
( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment