ငယ်စဉ်ဘ၀မှာ အလှအပ နဲ့ ပတ်သက်ပြီး ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ Jessica Alba



အမျိုးသား အများစုက သူတို့ရဲ့ အိပ်မက်ထဲက ကောင်မလေးအကြောင်းပြောရင် သူမနဲ့ ခိုင်းနှိုင်းပြီး ပြောပြကြပါတယ်။ တစ်ချို့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အလှကို ဖော်ပြဖို့အတွက် သူမရဲ့ နာမည်နဲ့ ခိုင်းနှိုင်းလေ့ရှိပါတယ်။

ဒါပေမယ့် Jessica Alba ကတော့ သူမဟာ အမြဲတမ်း လှပနေခဲ့သူ ၊ ကျော်ကြားနေခဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူးလို့ ၀န်ခံလိုက်ပါတယ်။ သူမရဲ့ ငယ်စဉ်ဘ၀ ဟာ တော်တော်လေး ရုန်းကန် ဖြတ်သန်းခဲ့ရရှာတယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသမီးလေး Jessica Alba က SELF မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ သူမရဲ့ ငယ်စဉ်ဘ၀မှာ ကျန်းမာရေး နဲ့ ကိုယ်အလေးချိန် အတွက် တော်တော်လေး ရုန်းကန်ခဲ့ရပြီး သူမရဲ့ မိဘတွေပေးတဲ့ မေတ္တာ တရားနဲ့ ထိုအရာတွေကို အောင်မြင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ သူမရဲ့ Honest ကုမ္မဏီ ဟာလည်း စီးပွားရေး လောက မှာ အောင်မြင်နေပြီး ထို အောင်မြင်မှုတွေအကြောင်း ပြန်ပြောင်းပြောပြရမှာ သူမရဲ့ ငယ်စဉ်ဘ၀တုန်းက နျူမိုးနီးယား ရောဂါ ကို မကြာမကြာခံစားခဲ့ရတဲ့ လူမမာ လေးတစ်ယောက်ဖြစ်ခဲ့ရပြီး သူမရဲ့ မိခင် Catherine နဲ့ ဖခင် Mark တို့က သူမကို ထို ဘ၀ မှာ ဆက်လက်ရှင်သန်ခွင့်မပေးပဲ ပြောင်းလဲပေးခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို အတွေ့အကြုံတွေကိုလည်း သူမရဲ့ သမီး ၂ ယောက်ဖြစ်တဲ့ အသက် ၇ နှစ်အရွယ် Honor နဲ့ အသက် ၄ နှစ်အရွယ် Haven တို့ကို မကြုံတွေ့စေချင်ဘူးလို့လည်း Jessica Alba က ဆိုပါတယ်။

လက်ရှိမှာတော့ သူမရဲ့ အလှကုန်နဲ့ ကလေးငယ်ဆိုင်ရာ ထုတ်ကုန် လုပ်ငန်း Honest ဟာလည်း သဘာဝပတ်ဝန်းကျင်နဲ့ဆီလျော်ပြီး ဘဏ္ဍာ ငွေ ၁.၇ ဘီလီယံ ခန့် ရရှိထားတယ်လို့လည်း သိရပါတယ်။

( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment