
တချိန်က နာမည်ကျော် ကစားသမားဖြစ်ခဲ့တဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ရော်နယ်ဒင်ဟို ဟာ ဘရာဇီးကလပ် ဖလူးမင်းနင့်ဇ် အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
စာချုပ်သက်တမ်း ၆ လ တိုးထားပေမယ့် ၃ လ မပြည့်ခင်မှာ အခုလို လမ်းခွဲခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒင်ဟိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂ ကြိမ်ရဖူးသူ ဖြစ်ပါတယ်။
လတ်တလောမှာ ခြေစွမ်းကျဆင်းနေပြီး အသင်းရဲ့ ပရိသတ်တွေက သူ့ကို ဝေဖန်လှောင်ပြောင်တာတွေကိုလည်း ခံနေရသူဖြစ်ပါတယ်။
၂၀၁၁ မှာ အေစီမီလန် အသင်းကနေ ဘရာဇီးကလပ် ဖလန်မင်ဂိုအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
၂၀၁၂ မှာ ဘရာဇီးကလပ် အက်သလက်တီကို မီနီရိုကို ထပ်ပြောင်းခဲ့သလို ၂၀၁၄ မှာ မက္ကဆီကိုကလပ် ကေရေတာရိုကို ပြောင်းရွှေ့ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၅ ဇူလိုင်လမှာ ဘရာဇီးကလပ် ဖလူးမင်းနင့်ဇ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအသင်းမှာ ၉ ပွဲကစားထားခဲ့ပေမယ့် ၁ ဂိုးမှ မသွင်းနိုင်သေးပါဘူး။
DVB
http://burmese.dvb.no/
0 comments:
Post a Comment