ချန်ပီယံလိဂ် အုပ်စုမှတက်ရေး မျှော်လင့်ချက်မကုန်သေးဟု အာဆင်နယ် နည်းပြ ပြော

wenger


အာဆင်နယ် အသင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်ရေး မျှော်လင့်ချက်တွေ မကုန်သေးဘူးလို့ နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။
ချန်ပီယံလိဂ် အုပ်စုအက်ဖ်မှာ ပါနေတဲ့ အာဆင်နယ်ဟာ ၂ ပွဲကစား ၂ ပွဲလုံးရှုံးပြီး ရမှတ် မရှိသေးဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေပါတယ်။
အခုအနေအထားက တော်တော် ဆိုးပါတယ်၊ ဒါပေမယ့် နောက်ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ရလဒ်ကောင်းအောင် လုပ်ရမှာပါ” လို့ အာစင်ဝင်းဂါးက ပြောဆိုသွားပါတယ်။
အာဆင်နယ်အတွက် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၂ ပွဲဆက်တိုက် ရှုံးတာဟာ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အုပ်စုတွင်းမှာ ဘိုင်ယန်မြူးနစ်က ၆ မှတ်နဲ့ ဦးဆောင်နေပြီး ဂရိကလပ် အိုလံပီယာကို့စ်က ၃ မှတ်နဲ့ အဆင့် ၂၊ ဒိုင်နမိုဇာဂရက်က ၃ မှတ်နဲ့ အဆင့် ၃ မှာ ရှိနေပါတယ်။
အာဆင်နယ်ဟာ တတိယမြောက် အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
DVB
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment