(၉) တန်း ကျောင်းသူ သေဆုံးမှု အဓမ္မကျင့် အသတ်ခံရခြင်းဖြစ်


အသတ်ခံရသူ၏ နောက်ဆုံးခရီးမြင်ကွင်း။ ဓါတ်ပုံ - Soe Min Aye (fb)
မန္တလေး

          ယခုလ (၂) ရက်နေ့တွင် မိုးကုတ်မြို့နယ်၌ (၉) တန်း ကျောင်းသူ ရေမြောင်း အတွင်း သေဆုံးနေခြင်းမှာ သာမန် သေဆုံးခြင်း မဟုတ်ဘဲ ကျောင်းမှအပြန် မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

          (၉) တန်းကျောင်းသူ သေဆုံးမှုအား ဖခင်ဖြစ်သူမှ တိုင်တန်းခဲ့ပြီး နယ်မြေစခန်း (ကျပ်ပြင်) (ပ) ၁၀၀/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင်ခဲ့ပြီး မသင်္ကာဖွယ် တရားခံ လေးဦးအား အထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။

          မသင်္ကာ တရားခံများ အနက်မှ မောင်  ….. (၁၉) နှစ်နှင့် ကို ….. (၃၃) နှစ်တို့အား စစ်ဆေးရာ အခင်းဖြစ်ပွားသည့် စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် (၉) တန်း ကျောင်းသူ မ….. (၁၄) နှစ်သည် ကျောင်းမှအပြန် စက်ဘီး တွန်းလာစဉ် ရွာအ၀င် တောစပ်၌ ကို …..(၃၃) နှစ်က လမ်း အရှေ့ဘက် (၁၀) ပေခန့်အကွာ ချုံထဲသို့ အတင်းအဓမ္မ ဆွဲခေါ်၍ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သည်။

          ထိုသို့ ပြုကျင့်နေသည်ကို မောင် ….. က တွေမြင်ခဲ့ရာ ကို…..က မောင် …..အား အတူ ပြုကျင့်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

          ထို့ကြောင့် မောင်…..က မ…..(၁၄) ၏ ဦးခေါင်းကို ဖိ၍ ချုပ်ကိုင်ပေးရာ ကို….. မှ ထပ်မံ၍ တစ်ကြိမ် ပြုကျင့်ခဲ့သည်။ ၎င်းနောက်၊ ကို…..က  ခြေထောက်များ ချုပ်ကိုင်ပေးရာ မောင်…..က အလိုမတူဘဲ သားမယား အဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

          ထိုသို့ ပြုကျင့်နေစဉ် မ…(၁၄) နှစ်က မိဘများ ပြန်တိုင်မည်ဟု ပြောသဖြင့် ကို….. က မျက်နှာအား လက်သီးဖြင့် ထိုးပြီး အနီးရှိ လုံးပတ်နှစ်လက်မခန့် ရှည်သော တုတ်ဖြင့် ၀မ်းဗိုက်အား ရိုက်နှက်ခဲ့ရာ မ…. (၁၄) နှစ်မှာ သတိ မေ့သွားခဲ့သည်။

             ထိုစဉ် ၎င်းတို့နှစ်ဦးက မ…(၁၄) နှစ်အား အနီးရှိ ချောင်းငယ်အတွင်း ပစ်ချခဲ့ပြီး မ…(၁၄) နှစ် ၀တ်ဆင်ထားသော ကျောင်းစိမ်းလုံချည် ကျွတ်သွားခဲ့သဖြင့် အနီးရှိ ချုံထဲသို့ လွှင့်ပစ်ခဲ့ကြပြီး ၎င်းတို့ နေထိုင်သည့်တဲသို့  ပြန်သွားခဲ့ကြောင်း စစ်ဆေးသိရသည်။

          ယခုလ (၅) ရက်နေ့တွင် တရားခံ နှစ်ဦး ကျူးလွန်ခဲ့ပုံ ကျူးလွန်နည်းများအား လိုက်လံပြသ နိုင်ခဲ့သည့် အပြင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော သက်သေခံ တုတ်အား သိမ်းဆည်းခြင်း၊ ဗီဒီယို မှတ်တမ်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

          ပြစ်မှုကျူးလွန်သည့် တရားခံများအား ထိရောက် အပြစ်ဒဏ်ရရှိရေး အတွက် သက်သေများ ဆက်လက် စုံစမ်း ဖော်ထုတ်သွားမည် ဖြစ်သည်။

T.Y.T
The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment