ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံ၊ ရွာသိမ်လေးတစ်ခုက ကလေးငယ်တွေဟာ မွေးဖွားခါစမှာ အပြင်ပန်းအားဖြင့် မိန်းကလေးပုံစံ မွေးဖွားခဲ့ပြီး လူပျိုဖော်ဝင်တဲ့ အချိန်ရောက်မှာ ယောင်္ကျားလေးဖြစ်သွားရပါတယ်။
Salinas ရွာမှာ မွေးဖွားတဲ့ ကလေးငယ် အယောက် ၉၀ မှာ ၁ ယောက်ဟာ မျိုးရိုးဗီဇချို့ ယွင်းမှုရောဂါတစ်မျိုးနဲ့ မွေးဖွားလာခဲ့ပြီး ယောင်္ကျားလေးတွေဟာ အသက် ၁၂ ယောက်မှ ကျားလိင်အင်္ဂါကြီးထွားလာကြပါတယ်။ ဒီရောဂါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အင်ဇိုင်းဓာတ်တစ်ခု မရရှိမှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ Johnny ဆိုတဲ့ ကလေးငယ်လေးဟာ ဒီရောဂါခံစားရသူတစ်ဦးဖြစ်ပြီး သူ့ ရဲ့မိဘတွေက Felicity ဆိုတဲ့ မိန်းကလေးနာမည်နဲ့  Johnny လေးကို ပျိုးထောင်ခဲ့ပါတယ်။
အခုအခါမှာ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Johnny က ကလေးဘ၀တုန်းက သူ့ ကိုယ်သူ ယောင်္ကျားလေး လား မိန်းကလေးလား မခွဲခြားတတ်ခဲ့ပေမယ့် အမြဲတမ်း ယောင်္ကျားလေးတစ်ယောက်လိုတော့ စိတ်ထဲ ခံစားမိတယ်လို့ BBC သတင်းဌာနကို ပြောကြားပါတယ်။ “ ကျွန်တော်ကျောင်းတက်ရင် စကတ်ဝတ်ပြီးပဲ တက်ခဲ့တယ်။ မိန်းကလေးတစ်ယောက်လို ၀တ်ဆင်ရတာ ကျွန်တော် ဘယ်တော့မှမကြိုက်ခဲ့ဘူး။ ကျွန်တော်ကစား ဖို့ မိန်းကလေး အရုပ်တွေ ၀ယ်လာတဲ့ အခါမှာလည်း ကစားလိုက်တာပဲ။ ကောင်လေးတွေဘောလုံးကန်နေတာတွေ့ ရင်လည်း ၀င်ကန်ခဲ့တာပဲ” လို့ ပြောပြပါတယ်။
Carla ဆိုသူ ကောင်လေးတစ်ယောက်ကလည်း မွေးစမှာ မိန်းကလေးပုံစံမွေးဖွားခဲ့ပေမယ့် အခု အသက်ကိုးနှစ်အရွယ်မှာ လိင်ကူးပြောင်းမှုမှုကို ကြုံတွေ့ နေရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပုံမှာ ပန်းရောင်အင်္ကျီလေးဝတ်ဆင်ထားတဲ့ Carla ဟာ အခုအခါ သူ့ နာမည်ကို ယောင်္ကျားလေးနာမည် Carlos လို့ ပြောင်းမှာဖြစ်ပါတယ်။ အခုလိုရောဂါအခြေအနေကို ၁၉၇၀ပြည့်နှစ်တွေမှာ အမေရိကန်လူမျိုး သိပ္ပံပညာရှင်တစ်ယောက်က ဒီရွာလေးရှိတဲ့ကျွန်းကို အလည်အပတ်လာခဲ့ပြီးနောက်မှာ စတင်ဖော်ထုတ်သိရှိခဲ့တာဖြစ်ပါတယ်။
သာမန်အားဖြင့် ကလေးတွေဟာ မိခင်ရဲ့သားအိမ်ထဲရောက်ပြီး ရှစ်ပတ်အကြာလောက်မှာ dihydro-testosterone ဟော်မုန်းရဲ့ ပြောင်းလဲမှုကြောင့် ကျားအင်္ဂါ စတင် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် လက်တစ်ဆုပ်စာ ကလေးငယ်တွေမှာတော့ ဒီဟော်မုန်း တိုးပွားမှုကို ဖြစ်စေတဲ့ အင်ဇိုင်းဓာတ် မပါဝင်လာဘဲ မိန်းကလေးအဖြစ် မွေးဖွားလာတတ်ပါတယ်။ အဆိုပါ ကလေးငယ်တွေဟာ testosterone ဟော်မုန်းတိုးပွားမှုရတဲ့လူပျိုဖော် မ၀င်ခင် အချိန်အထိ ကျားအင်္ဂါ ပေါ်ထွက်ခြင်းမရှိတာကို တွေ့ ရပါတယ်။
Ref: Dailymail
Source..http://www.trend.com.mm/
0 comments:
Post a Comment