တုပ်ကွေးရောဂါ လူ့ပါးစပ်ထဲတွင် စတင်ဖြစ်ပေါ်ကြောင်း လေ့လာတွေ့ရှိ

Image result for bacteria virus
Credit:mums.bodyandsoul.com.au



သိပံ္ပပညာရှင်များက အအေးမိခြင်းသည် အာခေါင်တွင် စတင်ဖြစ်ပွားပြီးနောက် ချောင်းဆိုးကာ နှာချေခြင်းများမှ တစ်ဆင့် ပြန့်ပွားကြောင်း ထုတ်ဖော်လိုက်သည်။
      အအေးမိရောဂါဖြစ်သည့် အဓိကနေရာမှာ ပါးစပ်နောက်ပိုင်းကို ခွဲခြားထားသည့် အာခေါင်နောက်ဘက် နေရာနှင့် နှာခေါင်းချိုင့်နေရာ ဖြစ်ကြောင်း သုတေသနအသစ်က ဆိုသည်။
      ပညာရှင်များသည် အအေးမိရောဂါ ကူးစက်မှုကို နှာချေခြင်းနှင့် ချောင်းဆိုးခြင်းဖြစ်သည့် အာခေါင်ပျော့ နေရာတွင် တွေ့ရခြင်း ဖြစ်ပြီး၊ ဗိုင်းရပ်စ်သည် ပါးစပ်မှ ထွက်ကာ လွယ်ကူစွာ ပျံ့နှံ့သွားကြောင်း ဆိုသည်။ အမေရိကန် National Institute of Allergy and Infectious Diseasea  (NIAID) မှ ဒေါက်တာ ကန်တာဆမ်ဘာရာအိုက “သမိုင်းအရ ဆိုရင် အာခေါင်ပျော့ နေရာဟာ တုပ်ကွေးဖြစ်တဲ့ တိရစ္ဆာန်တွေ မှာ စူးစမ်းရှာတွေ့ခဲ့ခြင်း မရှိပါဘူး”ဟု ဆိုသည်။ သုတေသနဂျာနယ် Science တွင် ရေးသားခဲ့သည့် ထိုဆောင်းပါးမှာ လူများနှင့် သဏ္ဍန်တူသော တိရစ္ဆာန်များ၏ ပါးစပ်များတွင် လေ့လာခဲ့ခြင်း ဖြစ်သည်။ သိပ္ပံ ပညာရှင်များသည် ၎င်းတို့၏ သုတေသနကို ဆက်လုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။ 
Source:Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment