အီတလီမှ သိပ္ပံပညာရှင်များ ရေအောက်တွင် အပင်များစိုက်ပျိုး


မြေထဲပင်လယ်ရေအောက် (၈) မီတာအနက်မှာ နစ်မြုပ်ထားသော မှန်လုံအိမ်တစ်ခုထဲ ပန်းအိုးလေးတွေနဲ့ သေချာစိုက်ပျိုးထားတဲ့ သစ်ပင်တွေကို တွေ့ရမှာဖြစ်ပြီး ဒါဟာ အီတလီစိုက်ပျိုးရေး စီမံကိန်းတစ်ခုက စိုက်ပျိုးရေးလုပ်ငန်းကို ခေတ်တစ်ခေတ် ပြောင်းလဲစေမယ့် အရာဆိုရင်လည်း မမှားပါဘူး။
အီတလီကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ Noli အနီးက အပင်တွေ၊ နေရောင်ခြည်နဲ့ ပူနွေးပြီး စိုထိုင်းတဲ့ လေထုတွေပါဝင်တဲ့ ဝဝလုံးလုံး ဇီဝဖန်လုံအိမ် ၅လုံးရှိတဲ့ ယင်းအပင်စိုက်ပျိုးခြံလေးကို Nemo’s Garden လို့ နာမည်ပေးထားပါတယ်။
သုတေသနပညာရှင်တွေကတော့ ပြင်ပမှ ညစ်ညမ်းမှု တားဆီးထားပြီး လုံးဝ တသီးတခြားဖြစ်နေတဲ့ အဲဒီပတ်ဝန်းကျင်ရှိ သစ်ပင်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို စောင့်ကြည့်လေ့လာဖို့ ရည်ရွယ်ပါတယ်။
ယင်းစီမံကိန်းဟာ “How to feed the planet” ဆိုတဲ့ Italian Pavillon theme ရဲ့ စီမံကိန်း အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ 
Ref: CCTVNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment