"ရွှေလွန်းပျံ" Express အမြန်လမ်းမှာ တိမ်းမှောက်


၂၀၁၅-ခုနှစ် စက်တင်ဘာလ (၄)ရက် ည(၁၀း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၆/၃ နှင့် ၂၃၆/၄ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ယာဉ်မောင်း ဦးကျော်ခိုင်ဦး မောင်းနှင်လာသော ရန်ကုန်-တောင်ကြီး-လားရှိုး "ရွှေလွန်းပျံ" Express ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်အမှတ် YGN 7I-8592 မှာ အရှိန်လွန်၍ မိုင်တိုင်အမှတ် ၂၃၆/၂ အရောက်တွင် လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ ပေ(၃၀၀)ခန့်မောင်းနှင်ပြီး တဖက်ယာဉ်ကြော အပြန်လမ်းဘက်ခြမ်းသို့ရောက်ရှိကာ မိုင် ၂၃၆/၃ အပြန်လမ်းပေါ်သို့ ဘေးတိုက်လဲကျ တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

၎င်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် စုစုပေါင်း (၂၈)ဦး စီးနင်းလိုက်ပါခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ကျား(၁၀)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၉)ဦးမှာ ထိခိုက်ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒု-ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီရေးအသင်းအဖွဲ့များမှ အမြန်ဆုံးရောက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဖြစ်စဉ်အား ပေပင်လေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင် ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment