စစ်တွေမြို့ N X H Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရ၍ ကျပ်သိန်း ၂၀၀ ကျော်ဖိုးဆုံးရှုံး


စစ်တွေ၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဖုန်းအရောင်းဆိုင် တစ်ဆိုင် ဖောက်ထွင်း ခိုးယူခံရရာမှ ဖုန်းအလုံး ၅၀ နှင့် ငွေသား ကျပ်ငွေ သိန်းပေါင်း ၁၆၇ ဖိုး ဆုံးရှံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းဖုန်းဆိုင်မှာ စစ်တွေမြို့ လမ်းမကြီး၊ ရုပ်ရှင်ရုံနားတွင်တည်ရှိသော ဦးစောအောင်နိုင် ပိုင်ဆိုင်သည့် N X H Mobile ဖြစ်ပြီး ဖောက်ထွင်းခိုးယူခံရသဖြင့် လက်ကိုင်ဖုန်း အလုံး ၅၀ နှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ထဲရှိ ငွေသား ကျပ် ၁၆၇ သိန်း အခိုးခံရကြောင်း စစ်တွေမြို့မ စခန်းမှူး ရန်နိုင်မှ နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

''ဟုတ်ကဲ့၊ ဖောက်ထွင်းခံရတယ်ဗျ။ ကျွန်တော်တို့ လာတိုင်သူကတော့ ဒီကနေ့ မနက် အစောကြီး ညဥ့် ၁ နာရီနဲ့  ၄နာရီ ကြားလောက်မှာ လာတိုင်တယ် ထင်တယ်၊ ခိုးသွားတဲ့ အချိန်တော့မသိဘူး။ ကျွန်တော်တို့ စစ်ဆေးချက်ကတော့ နှစ်ချက်တွေ့တယ်ဗျ၊ တစ်ချက်က နောက်တံခါးကို မေ့ပြီးတော့ သေချာ မပိတ်မိတာလဲ ဖြစ်နိုင်တယ်။ နံပတ် နှစ် အချက် ကတော့ ၇ နှစ် ၈နှစ် သားအရွယ် ကလေးငယ် တစ်ဦးဦးကို အပေါ်သော့နဲ့  အုပ်တန်းကြားက ၀င်ခိုင်း ပြီး ဖောက်ထွင်း ခိုးယူတာလဲဖြစ်နိုင်တယ်။ ကျွန်တော် စစ်ဆေးချက်အရကတော့ အဲဒီ နှစ်ခုထဲက တစ်ခုကတော့ သေချာပေါက် ကျိန်းသေ ဖြစ်နိုင်ပါတယ်” ဟု စခန်းမှူး ကိုရန်နိုင်မှ ပြောသည်။

N X H Mobile ဖောက်ထွင်းခံရပြီးနောက် စစ်ဆေးကြည့်ရာ တန်ဖိုးရှိ ဖုန်းအလုံးပေါင်း ၅၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုးမှာ ကျပ် သိန်း ၁၀၀ နီးပါးဖိုးရှိပြီး ငွေသား ကျပ်သိန်း ၁၆၇ နှင့် ဆိုလျှင် ကျပ်ငွေ သိန်း ၂၀၀ ကျော်ဖိုး ရှိကြောင်း ဆိုင်ပိုင်ရှင်၏ တိုင်ကြားချက်ကို ကိုးကားပြီး စခန်းမှူးက ပြောဆိုသည်။

“ ဒီအမှုနဲ့ ပတ်သက်လို့  တရာလို ဆိုင်ပိုင်ရှင်က ဒီကနေ့ ရဲစခန်းကိုရောက်လာတယ်။ တရားလို ကလည်း ဒီကိစ္စကို ရှေ့နေနဲ့ လည်း တိုင်ပင်နေတယ်။ ကျွန်တော်တပ်ဖွဲ့ ဝင်တွေလည်း တစ်မြို့ လုံးမှာရှိတဲ့ မိုဘိုင်း ဖုန်းဆိုင်တွေ၊ Service Center တွေကို လိုက်လံ ရှာဖွေနေတယ်။ ပျောက်သွားတဲ့ စက်ပစ္စည်းတွေ အမှတ်နဲ့ ၊ ပုံစံတွေ ယူထားတယ်။ စာရင်း ဇယားတွေ ယူပြီးတော့ လိုက်လံ ရှာဖွေနေတယ်။ ဒီခိုးမှုနဲ့ ပတ်သက်ပြီးတာ့ ရောက်နိုင်တဲ့ တခြားမြို့တွေကိုလည်း အခု စတင် စေလွှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်” ဟု ပြောသည်။

ဖုန်းဆိုင်ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး တရားခံများကို ဖော်ထုတ် အရေးယူ ဖမ်းဆီးနိုင်ရန် စုံစမ်းမူများ ပြုလုပ်နေပြီး ၎င်းအမှုကို ပုဒ်မ ၃၈၀ / ၂၀၁၅ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဝဏ္ဍခွာညို
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment