Sandwich တစ်ခုကို အစအဆုံး ပြုလုပ်ဖို့အတွက် ဒေါ်လာ ၁၅၀၀ နဲ့ ၆ လကြာ ကြိုးစားခဲ့တဲ့ လူတစ်ယောက်




YouTube သုံးစွဲသူ အမျိုးသားတစ်ဦးဟာ အချိန် ၆လကြာပေးပြီး ဒေါ်လာ ၁၅၀၀ အကုန်အကျခံကာ ကိုယ်တိုင်ကိုယ်ကျ အသီးအရွက်တွေ စိုက်ပျိုးပြီး ကိုယ်တိုင် Cheese ပြုလုပ်ကာ Sandwich အစစ်တစ်ခုကို အစအဆုံး ပြုလုပ်ခဲ့ပါတယ်။

YouTube မှာ “How to Make Everything” ဆိုပြီး Andy George က ရိုက်ကူးကာ “၆လတည်းနဲ့ ဒေါ်လာ ၁၅၀၀တန် Sandwich တစ်ခုလုပ်နည်း” လို့ အမည်ပေးထားတဲ့ ဗီဒီယိုတစ်ခု တင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ၆လ အချိန်ယူပြီး Sandwih တစ်ခုလုံး အစအဆုံး ပြီးစီးအောင်ပြုလုပ်ဖို့ ဒေါ်လာ ၁၅၀၀ အကုန်အကျခံခဲ့ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ အသီးအနှံတွေ စိုက်ပျိုးတယ်။ သမုဒ္ဒရာရေကနေ ကိုယ်တိုင် ဆားချက်တယ်။ ချိစ်လုပ်ဖို့ နွားတစ်ကောင်ဆီကနေ နို့ညှစ်တယ်။ ဂျုံမှုန့်ကျိတ်တယ်။ ကိုယ်ပိုင်ပျားရည်စုဆောင်းတယ် ပြီးတော့ ကြက်တစ်ကောင်ကိုလည်း ကိုယ်တိုင်သတ်ပြီး Sandwich လုပ်ခဲ့တာပါ" လို့ ဆိုပါတယ်။

George ရဲ့ဗီဒီယိုမှာ သူကြုံတွေ့ခဲ့ရတယ် အခက်အခဲတွေကိုလည်း ပြသထားပါတယ်။ လေဆိတ်လုံခြုံရေးတွေက သူ့ရဲ့ပင်လယ်ရေထွက်ဆားတွေဟာ တရားမ၀င်ပစ္စည်းတွေ ဖြစ်ကြောင်းပြောဆို တားမြစ်ခံခဲ့ရတာမျိုးတွေလည်း ပါဝင်ပါတယ်။ နောက်ဆုံး Sandwich ရရှိတဲ့အခါမှာတော့ George က “ မဆိုးပါဘူး။ ဒါကတော့ Sandwich အကြောင်းပါပဲ” လို့ ပြောသွားပါတယ်။

( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment