ရွေးကောက်ပွဲအောင်နိုင်ရေး SNLD ပါတီဝင်များ ပင်လုံမြို့တွင်တွေ့ဆုံ


စက်တင်ဘာလ ၈ ရက် ၂၀၁၅

စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့၌ သျှမ်းတိုင်း ရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီအောင် နိုင်ရေးသင်တန်းနှင့် လူထုတွေ့ဆုံပွဲ စည်းရုံးရေး လုပ်ငန်းဆိုင်ရာဆွေးနွေး ပွဲကျင်းပရာ အနယ်နယ်အရပ်ရပ်က ပါတီဝင်အင်အား ၁၅၀၀ ခန့် တက် ရောက်ခဲ့ကြောင်းသိရသည်။

လူထုတွေ့ဆုံပွဲကို ပိဋိကတ်ဟုန်းထမ်းကျောင်းတိုက်တွင်ကျင်းပရာ ပါတီ ဥက္ကဌခွန်ထွန်းဦးက အမှာစကား ပြောကြားရာတွင် -"သျှမ်းပြည် ကံကြမ္မာ သျှမ်းပြည်သားတွေလက်ထဲမှာရှိတယ်။ မကြာမီ ရွေးကောက် ပွဲကျင်း ပတော့ မှာဖြစ်တယ်။ ကျနော်တို့ပါတီဝင်တွေ လွှတ်တော်ထဲရောက် သွားရင် အဓိက အကျ ဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲကနေပြင်ဆင် ခွင့်ရှိမယ်။ အခြေခံဥပဒေ သာလျှင်ကြုံတွေ့နေရတဲ့ ပြသနာတွေ ရဲ့ အရင်းမြစ်ဖြစ်တယ် "- ဟု ပြောကြားသည်။

SNLD ပါတီမှ ဥက္ကဌအပါအ၀င် ပါတီအကြီးအကဲများဖြစ်သော အထွေထွေ အတွင်းရေးမှူး၊ လက် ထောက်အတွင်းရေးမှူးတို့နှင့်အတူ သျှမ်းစာပေ ပညာ ရှင် ဆရာကြီး စိုင်းဖှ လည်းတက်ရောက်ခဲ့ ပါသည်။

ပင်လုံမြို့ရှိ ၀ါရင့်နိုင်ငံရေးသမားများ ရပ်မိရပ်ဖနှင့် ဒေသတွင်းလူငယ်ထု၊ အနယ်နယ်အရပ်ရပ်မှ ပါတီဝင်လူငယ်များ၊ မြို့နယ်အသီးသီးမှကော်မတီဝင် များ၊ ဗဟိုကော်မတီဝင်များ စုစုပေါင်းအင်အား ၁၅၀၀ ခန့်တက်ရောက်ကြ သည်။

ပါတီလက်ထောက်အတွင်းရေးမှူးလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် စိုင်းလိတ်က- "သျှမ်းလူထုအများဆုံးနေထိုင်တဲ့ သျှမ်းပြည်နယ် ကချင်ပြည် နယ်နဲ့ မန္တလေးတိုင်းတွေမှာ ကျနော် တို့ ၁၅၈ နေရာဝင်ပြိုင်မယ်။ အမျိုးသား လွှတ်တော် ၁၄ ယောက်၊ ပြည်သူ့လွှတ်တော် ၄၈ ယောက်၊ တိုင်းရင်းသားေ ရးရာ ၂ ယောက်၊ ပြည်နယ်လွှတ်တော် ၉၄ ယောက် ဖြစ်ပါတယ် "- ဟုပြော ဆို သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦးမှာ သျှမ်းပြည်တောင်ပိုင်းတွင် ၅၆ ဦး၊ မြောက်ပိုင်း ၄၁ ဦး အရှေ့ပိုင်း ၃၉ ဦး မန္တလေးတိုင်း ၄ ဦး၊ ကယားပြည် နယ်တွင် ၁၄ ဦးနှင့် ကချင်ပြည်နယ်တွင် ၁၁ ဦး ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပိဋိကတ်ကျောင်းတိုက်တွင်တွေ့ဆုံပြီးနောက် တက်ရောက်လာသည့်လူထုမှာ ပင်လုံကျောက်တိုင် သို့ သွားရောက်ကာ စုပေါင်းဓါတ်ပုံရိုက်ကြပါသည်။ ပင်လုံမြို့သည် ၁၉၄၇ က ပြည်ထောင်စု အတူတကွတည်ဆောက်ရန် သျှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ နှင့် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူလက်မှတ်ရေးထိုးသည့် သမိုင်းဝင် မြို့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment