တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အတွင်း၌ အောက်တိုဘာလ (၂၇)ရက် ည(၆)နာရီအချိန်က ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ အာခါဗုဒ္ဓဘုန်းကြီးကျောင်းလမ်းရှိ ဒေါ်နန်းခမ်းကျောက် နေထိုင်သည့် နေအိမ်တွင် ဖယောင်းတိုင် မီးထွန်းကာ ဘုရားမီးပူဇော်ရာမှ ဘုရားပန်းခြောက်များနှင့် စက္ကူပန်းခက်များအား မီးစွဲလောက်ရာမှ မီးလောင်မှု ဖြစ်ပွားရတာဖြစ်ကြောင်း တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁)လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ အနည်ငယ်သာ ဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ရာသို့ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်သူ နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်တို့မှ မီးသတ်ကား (၂)စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ အနီးအနားရှိ ပြည်သူများမှလည်း ပူးပေါင်း ပါဝင်ကာ ၀ိုင်းဝန်းငြှိမ်းသတ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၂၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ အောင်ဟိန်း
Tachileik News Agency
http://www.tachileik.net
0 comments:
Post a Comment