သုဝဏ္ဏ၀တီမြို့တွင် တစ်နေရာတည်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီး လူတစ် ဦးသေဆုံး



 သထုံ၊ အောက်တိုဘာ၊ ၃၀

 မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏ၀တီမြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က နာရီပိုင်းအတွင်း တစ်နေရာတည်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သုဝဏ္ဏ၀တီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အနန်းကုန်းရပ် ရန်ကုန်-သထုံ အဝေးပြေးလမ်း၊ မိုင်တိုင်အမှတ် (၁၃၉/၅)နှင့် (၁၃၉/၆)အကြားတွင် အဆိုပါနေ့ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြူ/နက် အရောင် Wave 125 ဆိုင်ကယ်အား ယာဉ်မောင်း ကိုစိုးစိုးက ဆိုင်ကယ် ဦးထုပ် ဆောင်းထားခြင်းမရှိဘဲ အနန်းကုန်းလမ်းကြားမှ အဝေးပြေးလမ်းမပေါ်သို့ အရှိန်ဖြင့် မောင်းတက်စဉ် သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း ဦးမျိုးအောင် မောင်းနှင်လာသည့် Fuso အမျိုးအစား ခြောက်ဘီး Express မှန်လုံယာဉ်အားအရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်အတက်အဆင်းတံခါးအား ပြင်းထန်စွာ ၀င်ရောက်တိုက်မိခဲ့သည်။ ၎င်းဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းသူ ကိုစိုးစိုးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံမှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ပေးပို့ ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါနေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းနေရာ၌ ထပ်မံကာ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

“ဆိုင်ကယ်တွေများလာ ပြီးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာမှုအားနည်း ကြတယ်။ ဒီနေ့ဖြစ်စဉ်မှာ ဆိုင်ကယ် ဦးထုပ်ဆောင်းထားရင် သေတဲ့အထိဖြစ်ချင်မှဖြစ်မယ်။ နောက်တစ်ခုကလည်း ဆိုင်ကယ်တစ်စီးမှာ လူသုံးဦးစီးထားတယ်။ ဆိုင်ကယ်က အန္တရာယ်များတယ် ဒါ့ကြောင့် အားလုံးစည်းကမ်းလိုက်နာပြီး သတိရှိရှိ မောင်းနှင် စေချင်ပါတယ်” ဟု ကျိုက္ကော်ရပ်ကွက်မှ ကိုကျော်စွာလင်းက ယာဉ်တိုက်မှုများ နှင့်ပတ်သတ်၍ ၎င်း၏အမြင်အား ပြောကြားသည်။ အဆိုပါ ယာဉ်တိုက်မှုများတွင် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူများအား သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သက်ဦး(သထုံ)
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment