တာချီလိတ်မြို့၌ တစ်သောင်း ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ


နေပြည်တော် အောက်တိုဘာ ၃၀

တာချီလိတ်မြို့ ပါလျံ(၃) ရန်အောင်မြေ ရပ်ကွက်ရှိ ရွှေနဂါးမိုတယ်၌ တည်းခို နေသော ဧည့်သည်(၃) ဦးထံမှ အောက်တိုဘာ ၂၉ ရက်နေ့က တစ်သောင်း ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါမိုတယ်၌ တည်းခိုလျက် ရှိသော ဧည့်သည် (၃)ဦးသည် တာချီလိတ်-လားရှိုး လေယာဉ် လက်မှတ် မှာယူသဖြင့် တာလော့ရပ်ကွက်ရှိ Sky View လေယာဉ် လက်မှတ် အရောင်းဆိုင်မှ အရောင်းစာရေး သားကို (ခ) ဟိန်းလင်းကို မှ အဆိုပါ မိုတယ်သို့ သွားရောက် ပို့ဆောင်ရာ လေယာဉ် လက်မှတ်ဖိုး ကျသင့်ငွေကျပ် (၂၃၁၀၀၀) အတွက် မြန်မာကျပ်ငွေ တစ်သောင်းတန် (၂၃)ရွက်နှင့် ကျပ်တစ်ထောင်တန် (၁)ရွက်ပေးသဖြင့် သားကို(ခ) ဟိန်းလင်းကို က မိုတယ်စာရေး အမျိုးသမီးအား ၀န်ဆောင်ခ ကျပ်တစ်သောင်းတန် (၁)ရွက်ပေးခဲ့ပြီး ဆိုင်သို့ ပြန်လည်ရောက်ရှိစဉ် တစ်သောင်းတန် ငွေစက္ကူ (၂၂)ရွက်အား မသင်္ကာသဖြင့် အနီးရှိ ကမ္ဘောဇဘဏ်၌ သွားရောက်စစ်ဆေးရာ အတုများဖြစ်ကြောင်း သိရသဖြင့် တာဝန်ရှိသူများနှင့် အတူ ရွှေနဂါး မိုတယ်တွင် တည်းခိုနေကြ သည့် ဒေါ်နန်းစိန်ညွန့်၊ စိုင်းရွှေတို့၏ အခန်းနှင့် မနန်းလှကြည်၏ အခန်းအား သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ ကျပ်တစ်သောင်း တန် ငွေစက္ကူအတု (၄၇၉)ရွက်အား တွေ့ရှိ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်များအရ လွန်ခဲ့သည့် (၁)လခန့်က ၄င်းတို့(၃)ဦးသည် စိုင်းရွှေ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ပြီး အပြန်တွင် မြန်မာကျပ်ငွေတစ်သောင်းတန် သိန်း(၅၀) (၅၀၀)ရွက် ယူဆောင်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီအချိန် အမှတ်(၁) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ သယ်ယူလာပြီး သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာငွေကျပ် တစ်သောင်းတန် အတုများအား တစ်ဖက် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယူဆောင် သုံးစွဲခဲ့ကြ သည့် ဒေါ်နန်းစိန်ညွန့်၊ စိုင်းရွှေ နှင့် မနန်းလှကြည်တို့အား မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေး ယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment