ကောင်မလေး နေအိမ်နဲ့ မဆန့်တဲ့ နှင်းဆီပွင့် တစ်ထောင်ကို ပိုးကြေးပန်းကြေး ပေးတဲ့ အချစ်ရူး


အချစ်နဲ့ ပတ်သက်ရင် အလွန်အမင်း ကဗျာဆန်ချင်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကောင်မလေးထံ နှင်းဆီပန်း အပွင့် ၁၀၀၀ ကို လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါတယ်။

အမည်မဖော်လိုသူ ထို ရိုမီယို လိုပုဂ္ဂိုလ်ဟာ Uzbekistan နိုင်ငံ အရှေ့တောင်ပိုင်းက Tashkent မြို့မှာရှိတဲ့ သူ့ရဲ့ ချစ်ရသူ ကောင်မလေးထံ အနီရောင်နဲ့ အဖြူရောင် ပါတဲ့ နှင်းဆီပွင့်ပေါင်းမြောက်များစွာ စုစည်းထားတဲ့ လက်ဆောင်ကို ပေးပို့လိုက်ပါတယ်။

ထို လက်ဆောင်ဟာ အရမ်း ကြီးမားလွန်းတဲ့အတွက် လူ ၄ ယောက်က ၀ိုင်းဝန်း သယ်ဆောင်ပြီး ထရပ်ကားနောက်ခန်းမှာတင်ဆောင်ကာ ထို အမျိုးသမီး ရဲ့ နေအိမ်ကို ပေးပို့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်ဆောင် သွားပေးတဲ့သူတွေဟာ ထို လက်ဆောင် ပစ္စည်းကို နေအိမ်တိုက်ခန်းရဲ့ အပြင်ဘက်မှာပဲ ထားခဲ့တဲ့အတွက် ဖြတ်သွားဖြတ်လာတွေက ဓါတ်ပုံ ရိုက်ယူထားကြပြီး အွန်လိုင်းမှာ ဝေမျှခဲ့ကြပါတယ်။

ထို ပန်းပွင့်တွေ စုစည်းထားတဲ့ လက်ဆောင်ဟာ စတာလင်ပေါင် ၂၄၀၀ ခန့် တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပြီး ထို လက်ဆောင် ဖြစ်မြောက်လာဖို့အတွက်တော့ ပန်းအလှဆင် ပညာရှင်တွေအတွက်တော့ ရက်ပေါင်းများစွာ အချိန်ယူပြီး တည်ဆောက်ခဲ့ရမယ်ဆိုတာသေချာပါတယ်။ ထို ပို့ဆောင်ပေးခဲ့တဲ့လက်ဆောင်ရဲ့ ဓါတ်ပုံဟာ Drivers of Tashkent ဆိုတဲ့ Facebook Group ထဲမှာ တင်ခဲ့ပြီးတဲ့နောက်မှာ Like အရေအတွက် ထောင်ပေါင်းများစွာကို ရရှိသွားစေခဲ့ပါတယ်။

ထို အချစ်ရူးရဲ့ ဂျူလီယက် ကတော့ ဘယ်လိုတုံ့ပြန်ဦးမလဲဆိုတာမသိပေမယ့်လည်း သေချာတာကတော့ သူမအနေနဲ့ ထို ပန်းပွင့်စုစည်းမှု လက်ဆောင်ကြီးကို အိမ်ထဲ သယ်ဆောင်သွားဖို့အတွက် ဆန့်မှာ မဟုတ်ပါဘူး။ Vkontake ဆိုတဲ့ လူမှု ကွန်ရက် သုံးစွဲသူအချို့ကတော့ သူ့ကို ပိုက်ဆံ ဖြုန်းတီး နေတယ်လို့ ဆိုကြပါတယ်။

အချို့အမျိုးသမီးတွေကတော့ သူ့ကို လက်ဆောင်ပေးမယ်ဆိုလည်း လက်စွပ် ကဲ့သို့သော အခြား တန်ဖိုးရှိတဲ့ အရာတွေက ပိုပြီး အသုံးဝင်လိမ့်မယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီ ပန်းပွင့်တွေကို ခိုးယူမယ့်သူမရှိပေမယ့်လည်း လက်ဆောင်ရခဲ့တဲ့ အမျိုးသမီးကတော့ တိုက်ခန်း နဲ့ မဆန့်နိုင်တဲ့အတွက် အခုထိ အိမ်အပြင်ဘက်မှာ ဆက်လက် ထားထား ရတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment