
အမည်မသိပျံသန်းပစ္စည်း(UFO) တစ်စင်းကို လမ်းလယ်ခေါင်မှာ ပျက်စီးပြီး ဆိုက်ကပ်နေတာကို တွေ့ခဲ့ရပါတယ်။
အာကာသယာဉ် လို့ သံသယရှိခံရတဲ့ ထို ယာဉ်ပျံ ဟာ မီးလောင်ပျက်စီးနေခဲ့ပြီး တွေ့မြင်ခဲ့တဲ့ လမ်းသွားလမ်းလာတွေက Kingston ရဲတပ်ဖွဲ့ ကို အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ထို ယာဉ်ပျံ ဘယ်လိုရောက်လာတယ်ဆိုတာ ပြောပြနိုင်မယ့် လူတိုင်းကို လိုက်လံ စုံစမ်းမေးမြန်းနေတယ်လို့ သိရပါတယ်။
ဒီ ယာဉ်ပျံ ပျက်ကျလာတဲ့ သတင်းကို လန်ဒန်အခြေစိုက် Kingston မြို့နယ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့ညက သူတို့ရဲ့ Facebook Page မှာတင်ထားခဲ့တာဖြစ်ပါတယ်။
"မနေ့ညက သန်းခေါင်လောက်မှာ တာဝန်သိပြည်သူတစ်ယောက်က ၉၉၉ ကိုဖန်ုးဆက်ပြီး အမည်မသိတဲ့ အရာတစ်ခု လမ်းလယ်ခေါင်မှာ မီးလောင်ကျွမ်းနေတယ်လို့ ဆိုလာပါတယ်။ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာလန်ဒန်မီးသတ် တပ်ဖွဲ့နဲ့အတူ အခင်းဖြစ်ပွားရာနေရာ ကို သွားရောက်ခဲ့ရာ မှာတော့ သူတို့မျက်လုံးကို သူတို့ မယုံနိုင်တော့ပါဘူး။" လို့လည်း Kingston ရဲတပ်ဖွဲ့က ရေးသားထားပါတယ်။
ထို အာကာသယာဉ် လို့ သံသယရှိခံရတဲ့ ယာဉ်ပျံ နဲ့ပတ်သက်ပြီး သတင်း အချက်အလက် ပိုင်ဆိုင်ထားသူကိုလည်း ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့လည်း ရဲတပ်ဖွဲ့ကတောင်းဆိုထားပါတယ်။
ဒါပေမယ့်လည်း ပြည်သူလူထုကတော့ ရဲတပ်ဖွဲ့ ကိုရှုံ့ချခဲ့ပြီး ဒါဟာ အာကာသ ယာဉ်မဟုတ်ပဲ ပီဇာ မုန့်ဖုန့်တဲ့ အရာ ကြီး ပြောင်းပြန်ဖြစ်နေတာလို့သာ သတ်မှတ်ခဲ့ကြပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment