နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လူ့အခွင့် အရေးကော်မရှင် တောင်းဆို

 ၂ဝ၁၃ ခုနှစ် မေလ ၁၇ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA

လာမယ့်ရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေး အကျဉ်း သားတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတထံ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးအတွက် ရည်ရွယ်ပြီး တင်ပြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

''နိုင်ငံရေးပါတီတွေရော၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေရော၊ ပြည်သူတွေရော အားလုံးပါဝင်ပြီးတော့ လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ချင် တာရယ်၊ ဒီရွေးကောက်ပွဲမှာလည်း ကျနော်တို့ အကျဉ်းထောင်မှာရှိတဲ့နိုင်ငံရေး အကျဉ်းသားတွေ၊ အခြားဒီမိုကရေစီတည်ဆောက်ရေးမှာ ပါဝင်တဲ့သူတွေ ထိမ်းသိမ်းခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေ၊ ဒါတွေအားလုံးကို ကျနော်တို့ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲစေ ချင်တဲ့ ရည်ရွယ်ချက်တွေပါ၊ လွတ်ငြိမ်းချမ်းသာ ခွင့်ရရင် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်၊ သူတို့က အဲ့အကျိုးဆက်တွေတော့ရမှာပေါ့"

လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမှာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေသာ အကျုံးဝင်တယ်လို့ သိရပြီး လက်ရှိဖမ်းဆီးခံ ထားရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အမှုရင်ဆိုင်နေရ ဆဲဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ မရှိသေး ပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်အထိ ကောက်ယူထားတဲ့ စာရင်းအရ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၉၆ ဦး ရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment