တစ်နေ့ကို ငရုတ်သီး ၂.၅ ကီလိုဂရမ် စားပြခဲ့တဲ့ တရုတ်နိုင်ငံက ငရုတ်သီး ဘုရင်

အမျိုးသားတစ်ယောက်ဟာ တစ်နေ့ ငရုတ်သီး ၂.၅ ကီလိုဂရမ် စားပြပြီး ငရုတ်သီးဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ပါပြီ။

Li Yongzhi ဆိုသူ တရုတ် အမျိုးသားဟာ အနီရောင် ပူစပ်စပ် ငရုတ်သီးတွေကို ထူးဆန်းစွာ စွဲလန်းမှုကြောင့် ပြည်တွင်းမှာတော့ ဟီးရိုး တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ သူဟာ ငရုတ်သီးတွေကို ဘယ်လောက်တောင် စွဲလန်းနှစ်သက်သလဲဆိုရင် သူ့ရဲ့ တရုတ်နိုင်ငံ ၊ Zhengzhou မြို့က နေအိမ် နောက်ဖေးမှာပဲ မတူညီတဲ့ ငရုတ်သီးမျိုး ၈ မျိုးကို စိုက်ပျိုးထားတယ်လို့လည်း သိရပါတယ်။

သူ့ရဲ့ ဒီလို ထူးဆန်းတဲ့ အကျင့်တစ်ခုအဖြစ် စွဲလန်းမှုတွေဟာ သူငယ်စဉ်ဘ၀ ကတည်းက စတင်ခဲ့တာဖြစ်တယ်လို့ သိရပြီး Li Yongzhi ဟာ အသား ၊ ငါး ၊ ကြက်ဥ တို့မပါပဲ ထမင်းစားနိုင်ပေမယ့်လည်း ငရုတ်သီး မပါရင် ဘာမှ မစားနိုင်လောက်အောင်ကို ငရုတ်သီးကို စွဲလန်းနေတယ်လို့လည်း သိရပါတယ်။

"မနက် မိုးလင်းတာနဲ့ သူများတွေက သွားတိုက်ကြတယ်။ ကျွန်တော် အရင်ဆုံးလုပ်တာကတော့ ငရုတ်သီးစားပြီး အဲဒီအတိုင်း ပလုပ်ကျင်းလိုက်တယ်" လို့ Yongzhi က ဆိုပါတယ်။ သူ့ရဲ့ တစ်နေ့တာ အချိန်တွေကိုလည်း အစပ်ပါတဲ့ အာလူးကြော်တွေစားပြီး အချိန်ကုန်ဆုံးစေတယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူ့ရဲ့ သားဖြစ်သူ ထရပ်ကားတစ်စီးနဲ့ ညပ်မိစဉ်က အကြောင်းတွေကို ပြန်ပြောတော့လည်း "အဲဒီအချိန်တုန်းက ကျွန်တော် ငရုတ်သီးတွေ ၂ ပန်းကန်လောက်စားလိုက်တယ် ပြီးတော့ ရေသောက်ပြီး ဆေးရုံကို အမြန်ပြေးရတယ်" လို့ သူကဆိုပါတယ်။

"ကျွန်တော်ဒါတွေစားရတာကြိုက်တယ်။ အဲဒါကြောင့်စားလိုက်တယ် ဆေးရုံမှာ စစ်ဆေးကြည့်တော့လည်း သူတို့ပြောတာက ကျွန်တော်ဟာ အခြားလူတွေနဲ့ သိပ်ပြီး မခြားနားဘူး" လို့လည်း Yongzhi က ဆိုပါတယ်။

သူပြောပြခဲ့တာကတော့ သူ့ရဲ့ ထူးဆန်းတဲ့ အမူအကျင့်ဟာ အခြား လူသားတွေရဲ့ စူပါဟီးရိုး ပါဝါတွေ ရရှိလာစေခဲ့ခြင်းတော့ မရှိဘူးလို့ နောက်ပြောင်ပြီး ပြောဆိုခဲ့ပါတယ်။
( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment