ရှမ်းပြည်နယ်တောင်ကြီးမြို့ မင်းလမ်းမပေါ် ရှိ မြို့မရဲစခန်း အနီးတွင် အောက်တိုဘာ ၂၅ ရက် ည ၈အကျော်ခန့် တွင် နေအိမ်စီးကားတစ်စီး ပေါက်ကွဲဖြစ်မူ့ ဖြစ်ကာ ပေါက်ကွဲ မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။
အနီးအနားလမ်းသွားလမ်းလာလူ သုံးဦးတော့ ဆေးရုံ ပို့ဆောင်လိုက်ကြောင်း နှင့် ကားအတွင်း မည်သူမှ မရှိသည့်အတွက် သေဆုံးမူ့ မရှိကြောင်း အမည်မဖေါ်လိုသည့် ရဲ အရရှိတစ်ဦးဆိုသည်။
လောင်ကျွမ်းသွားသည့် ကားမှာ အိုင်ပီဆမ် အမျိုးအစားပာု သိရပြီး ကားပိုင်ရှင်မှာ အနီးရှိ အောင် စတိုးဆိုင်မှ ဖြစ်ကြောင်း လိုင်စင်ကား ဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ပေါက်ကွဲ မူ့ မှာ မည်သည့်အတွက် ကြောင့် ဖြစ်ရသည်ကို သတင်းမတုတ်ပြန်နိုင်သေးကြောင်း ရဲများက ဆိုသည်။
ကားတစ်စီးလုံးလောင်ကျွမ်းနေသည်ကိုတွေ့ခဲ့ရပြီး ပေါက်ကွဲမူ့ ကြောင့် ကားနောက်ခန်း ပျက်စီးနေပြီး လမ်း ကတ္တရာ ပျက်ဆီးသွားခဲ့သည်
ပေါက်ကွဲသံမှာ ကျော်လောင်စွာ ထွက်ပေါ်လာပြီ ယင်းကားအနီးရှိ ကားတစ်ချို့မှာလည်း အနည်းငယ်ထိခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများကဆိုသည်။
တောင်ကြီးမြို့ ကားဗုံးပေါက်ကွဲမူ့ ဓါတ်ပုံများ။
သတင်း - ဓါတ်ပုံ။ ။ နေလင်းသိုက်
0 comments:
Post a Comment