သာစည်မြို့နယ်တွင် ငွေတစ်ထောင် ကျပ်ပေးကာ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။ ၂၀၁၅ နှစ် ဇူလိုင်လပိုင်း အချိန်တွင် သာစည်မြို့နယ်. . . . .ကျေးရွာ ၌ မ. . . . (၁၇) နှစ် (စိတ်ပေါသွပ်သူ) သည် ဆိတ်ကျောင်းနေစဉ် တစ်ရွာတည်းနေ ဦး. . . . (၅၀) နှစ် ရောက်ရှိလာပြီး ငွေတစ်ထောင်ကျပ်ပေး၍ သားမယားအဖြစ် ပြုကျင့်ကာ တိုင်လျှင် ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။ ၎င်းနောက် (၁၅) ရက်ခန့် အကြာတွင် ထပ်မံ၍ ငွေတစ်ထောင်ပေးကာ သားမယား ပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် ဆေးခန်းသို့ ပို့ဆောင် စစ်ဆေးရာ မ. . . . (၁၇) နှစ်တွင် ကိုယ်ဝန်လေးလ ရှိကြောင်း သိရှိရသည်။
ယခုလ (၂၃) ရက်နေ့တွင် ဦး. . . . (၅၀) နှစ်အား နယ်မြေစခန်း (ဟံဇား) (ပ) ၇၈/၂၀၁၅ ပြစ်မှုပုဒ်မ-၃၇၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။
The Messenger Media
http://messengernewsjournal.com
0 comments:
Post a Comment