ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ |
၂၄.၁၀.၂၀၁၅ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၀)ရပ်ကွက်ဈေး၊ လှော်ကားလမ်းမဘေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နေသူများဖြစ်သည့် အငှားယာဉ်မောင်း နေလင်းအောင်နှင့် ဈေးရောင်းချသူ ခင်မောင်ဝင်းတို့သည် ခင်မောင်ဝင်း၏ဈေးဆိုင်ရှေ့တွင် အငှားယာဉ်ရပ်သည့်
ကိစ္စဖြင့် စကားများရန်ဖြစ်ကြစဉ် ခင်မောင်ဝင်းမှ ဓါးဖြင့်ထိုးခဲ့၍ နေလင်းအောင်တွင် ၀မ်းဗိုက်နှင့် လည်ပင်းယာဘက်တို့၌ ထိုးသွင်းဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပါသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူမှ အရေးယူပေးရန် တိုင်တန်းခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ(ပ)၁၁၄၁/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူ ခင်မောင်ဝင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ ကျူးလွန်သူ ခင်မောင်ဝင်းအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်/ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၅.၁၀.၂၀၁၅ ရက်နေ့ ၁၄၁၅ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည် လမ်းထောင့်၌ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက် အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
0 comments:
Post a Comment