ထမင်းသိုးကို အိုးအသစ်ထဲ မထည့် ကြဖို့ ပြော


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ခရိုက်ကနိကျေးရွာတွင် တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို မဲထည့်ကြဖို့ ကော့မှူးမြို့နယ် ဒေသခံတွေကို တိုက်တွန်းပြောကြားရာ မှာ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေ အနေနဲ့ "သိုးနေတဲ့ ထမင်းကို အိုးအသစ်ထဲ မထည့်ကြဖို့" ဆိုပြီး ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ခရိုက်ကနိကျေးရွာက ဟောပြောပွဲမှာ စနစ်ပြောင်းဖို့အတွက် အန်အယ်လ်ဒီကို မဲပေးကြဖို့ တိုက်တွန်းပြောကြားစဉ်မှာ ဥပမာပေး  ပြောကြားလိုက်တာဖြစ်ပါတယ်။

"ထမင်းသိုးကို အိုးအသစ်ထဲထည့်လည်း သိုးနေတဲ့ထမင်းကသိုးနေတာပဲ၊ မထူးပါဘူးလို့၊ အဲ့တော့ ကျမတို့က အိုးပြောင်းတာထက် ထမင်းကိုပြောင်းကြစို့လို့ ကျမပြောချင်တာဖြစ်ပါတယ်၊ ကျမတို့ ထမင်းသိုးကြီးပဲဆက်စားနေမယ်ဆိုရင် ကျန်းမာရေးလည်းထိခိုက်ပါတယ်၊ ဒါကြောင့်မို့လို့ ကျန်းမာရေးတွက်ကောင်းတဲ့၊ အရသာလည်းပိုကောင်းတဲ့ ထမင်းစားဖို့ဆိုရင် အိုးကအဓိက မဟုတ်ဘူး၊ ဆန်နဲ့ ဒီထမင်းဟာ လတ်လတ်ဆတ်ဆတ်ချက်ခြင်းကသာ အဓိကဖြစ်ပါတယ်လို့ ကျမ သတိပေးချင်ပါတယ်"

ခရိုက်ကနိကျေးရွာ ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ဒေသခံတစ်ဦးက အန်အယ်လ်ဒီဟာ "တိုင်တစ်လုံးတည်းနဲ့ အိမ်ဆောက်ဖို့ ကြိုးစားနေတာ" ဖြစ်ကြောင်း ပါတီတစ်ခုက ပြောဆိုနေတဲ့အပေါ် ဘယ်လိုပြောလိုပါသလဲ လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီဟာ တိုင်တစ်လုံးတည်းနဲ့ အိမ်ဆောက်နေတာ မဟုတ်ဘဲ ပြည်သူလူထုဆိုတဲ့ တိုင်အများကြီးနဲ့ အိမ်ဆောက်နေတာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ မျိုးဆက်သစ်လူငယ်တွေရဲ့  အနာဂတ်အတွက်ပါ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မပျက်မကွက် မဲပေးကြဖို့ကိုလည်း မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကျင်းပခဲ့တဲ့ ကျေးရွာတိုင်းမှာ တိုက်တွန်းပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့မှူးမြို့နယ်မဲဆွယ်စည်းရုံးရေးခရီးကို စတင်လိုက်တာဖြစ်ပြီး ဒီကနေ့ ပျားမွှတ်၊ ဘို့ဒင် ၊ ခရိုက်ကနိ စတဲ့ ကျေးရွာ ၅ ရွာ မှာ ဟောပြောခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment