ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပေါက်ဇလုပ်ကျေးရွာ အောက်တိုဘာလ ၂၅ ရက်နေ့က မဲဆွယ်စည်းရုံးနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA |
ဒီနေ့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပေါက်ဇလုပ်ကျေးရွာမှာ စည်းရုံးဟောပြော အပြီးမှာ သတင်းထောက်တွေ ရဲ့မေးမြန်းမှုကို သူရဦးရွှေမန်းက ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။
"ဒီကိစ္စတွေက ပါတီရဲ့ကိစ္စတွေကို တစ်ဦးတစ်ယောက်ထဲ ပြောဆိုဆုံးဖြတ်ချက် က တစ်ကယ်တမ်းတော့ သဘာဝမကျပါဘူး၊ ပထမအချက်ပါ၊ ဒုတိယအချက်က လာမယ့်ရွေးကောက်ပွဲအလွန် သမ္မတရွေးချယ်ရေး ကိစ္စတော့ လွှတ်တော်နဲ့ပဲ ဆိုင်ပါတယ်"
ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ပါတီက သမ္မတလောင်း ရွေး ချယ်ထားမှုအပေါ် ထုတ်ဖော်ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့သြဂုတ်လက ပါတီရဲ့ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားခံရပြီးနောက် ပါတီဝင်အဖြစ်သာ ဆက်ရှိနေတာဖြစ်ပါတယ်။ သူဟာ လာမယ့် ရွေးကောက်ပွဲမှာ ဖြူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့ရဲ့မဲဆန္ဒနယ် အတွင်း က ကျေးရွာတွေမှာ အပတ်စဉ် မဲဆွယ် စည်းရုံးနေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment