
နာမည်ကျော် အဆိုတော် တေလာဆွစ်ဖ်၏ တစ်နေ့ဝင်ငွေသည် ဒေါ်လာတစ်သန်းခန့် ရှိကြောင်း သိရှိရသည်။ တေလာဆွစ်ဖ်သည် အဆိုတော်များထဲတွင် ၀င်ငွေအကောင်းဆုံးအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ပြီး တစ်နေ့ဝင်ငွေ ဒေါ်လာ တစ်သန်းခန့် ရရှိနေသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း ရရှိသည့် ၀င်ငွေများကို တွက်ချက်ထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီမှ စတင်ကာ ရရှိခဲ့သည့် ၀င်ငွေအရပ်ရပ်ကို တွက်ချက်ရာတွင် တေလာဆွစ်ဖ် ၀င်ငွေသည် ဒေါ်လာ (၃၁၇ ဒသမ ၈) သန်းအထိ ရှိခဲ့သည်။
တေးစီးရီး ရောင်းချငွေ၊ ကမ္ဘာလှည့် ဖျော်ဖြေရေးဝင်ငွေ၊ အခြားစီးပွားရေး စာချုပ်များမှ ရရှိသည့် ၀င်ငွေအရပ်ရပ်ကို ပေါင်းထားခြင်း ဖြစ်သည်။
တေလာဆွစ်ဖ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ပဉ္စမမြောက် အယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ရာ ပထမ သီတင်းပတ်အတွင်း အချပ်ရေ တစ်သန်းကျော် ရောင်းချခဲ့ရပြီး အရောင်းရဆုံး စာရင်းဝင်ခဲ့သည်။ ယင်းနောက် ကမ္ဘာလှည့် ဖျော်ဖြေရေးကို စတင်ခဲ့ရာ ၀င်ငွေအများအပြား ရရှိခဲ့သည်။
မြောက်အမေရိကတွင် သီဆိုခဲ့သော ငါးပွဲတွင် ဒေါ်လာ (၁၆ ဒသမ ၈) သန်း ရရှိခဲ့သည်။ တေလာဆွစ်ဖ်သည် ၂၀၁၅တွင် ထုတ်ပြန်ကြေညာခဲ့သည့် အချမ်းသာဆုံး အနုပညာရှင် စာရင်းတွင် အဆင့် (၈) နေရာရှိခဲ့ပြီး ထင်ပေါ်အကျော်ကြားဆုံး အမျိုးသမီး (၁၀၀) စာရင်းတွင် အဆင့် ( ၆၄ ) နေရာတွင်ရှိကြောင်း သိရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment