
အင်္ဂလန်နိုင်ငံ၊ ပလိုင်းမောက် ဒေသတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ( ၂၂)လအရွယ် ရင်သွေးဖြစ်သူ၏ ၀တ်စားဆင်ယင်မူ အတွက် ဒေါ်လာ ( ၂၀၀၀၀) ကျော် သုံးစွဲခဲ့သဖြင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အသက် (၂၃) နှစ်အရွယ်ရှိ ဂျက်ဆူလီဗန်သည် သမီးဖြစ်သူ၏ အလှအပရေးရာအတွက် ငွေကြေးအများအပြား သုံးစွဲနေခြင်းကို ဝေဖန်မှုများ ရှိလာခဲ့သည်။ ငယ်ရွယ်သေးသည့် ကလေးငယ်ကို အလှမယ် ပြိုင်ပွဲမျာ ၀င်ရောက် ယှဉ်ပြိုင်စေခဲ့သည်။ ထိုသို့ ယှဉ်ပြိုင်ခြင်းကြောင့် ကလေးငယ်ကို လှပအောင် အ၀တ်အစားများ ၀ယ်ယူပေးခဲ့ရသည်။ အကျိုးဆက်က အ၀တ်အစားဖိုးချည်း ဒေါ်လာ ( ၁၅၀၀၀) ခန့် ရှိသွား ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကလေးငယ် အတွက် လက်ဝတ်ရတနာ အလှအပ ပစ္စည်းများအတွက် ဒေါ်လာ ( ၁၀၀၀) ခန့် သုံးစွဲ ခဲ့သည်။ အခြားပစ္စည်းတွေကိုပါ ထည့်သွင်းပါက ကလေးငယ် တစ်ဦးအတွက် သုံးစွဲသော ငွေကြေးသည် ဒေါ်လာ (၂၀၀၀၀) ကျော် ရှိသွားခဲ့ခြင်း ဖြစ်သည်။
ဂျက်ဆူလီဗန်ကတော့ တစ်ဦးတည်းသော သမီးဖြစ်သူ မီနီဘီအာအတွက် သုံးစွဲခဲ့သည့် ငွေကြေးကို ကာကွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ကလေးငယ်သည် အလှမယ်ပြိုင်ပွဲ (၈) ပွဲ ၀င်ရောက် ယှဉ်ပြိုင်ပြီး ဖြစ်သည်။ ဂျက်ဆူလီဗန် စိတ်ထဲတွင် ကလေးငယ်ကို အရွယ်ရောက်သူ အဖြစ်သာ မြင်ထားသည်။ ထို့ကြောင့် အလှအပရေးရာ ပစ္စည်းများကို ငွေကုန်ကြေးကျခံကာ ၀ယ်ယူခဲ့သည်။ ဂျက်ဆူလီဗန်က မိမိ၏ ရင်သွေးဖြစ်သူအတွက် ငွေကြေးသုံးစွဲမူကို မေးခွန်းထုတ်လေ့ ရှိကြောင်း၊ မိမိ၏ သမီးဖြစ်သူသည် ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်နေခြင်းကြောင့် လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူနေရခြင်း ဖြစ်ကြောင်း၊ မိမိသည် ကလေးမရမီ သူငယ် ချင်းများနှင့် သုံးဖြုန်းနေသူဖြစ်ကြောင်း၊ သို့သော်လည်း ကလေးရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခဲ့ပြီး ယခင်သုံးဖြုန်းခဲ့သည့် ငွေကြေးများကို ရင်သွေးဖြစ်သူ အတွက် သုံးစွဲနေကြောင်း ပြောကြားခဲ့သည်။ ဂျက်ဆူလီဗန်၏ ကလေးဖြစ်သူတွင် ဒေါ်လာ ( ၃၀၀) တန် ၀တ်စုံအပြင် အခြား တန်ဖိုးကြီး ၀တ်စုံများလည်း ရှိနေကြောင်း သိရသည်။ သို့သော် ကလေးငယ်တစ်ဦး အတွက် တန်ဖိုးကြီး အ၀တ်အစား အများအပြား ၀ယ်ယူခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်မပာုတ်ကြောင်း ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment