ရင်သားအိကျခြင်း ကင်းဝေးစေမယ့် သဘာဝနည်း


အမျိုးသမီးအများစု အထူးသဖြင့် အသက်နည်းနည်းရလာပြီဖြစ်တဲ့ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အဖြစ်များဆုံး ပြသနာတစ်ရပ်က ရင်သားအိကျခြင်းဖြစ်ပါတယ်။ အသက်ကြီးရင့်မှုကြောင့် ရင်သားမှာ ကျုံ့နိုင်ဆန့်နိုင်အား မရှိတော့ဘဲ အိကျလာပါတယ်။ ဒီအဖြစ်က တစ်ဘက်မှာ ကိုယ့်ကိုယ်ကို  ဂရုစိုက်မှုနဲ့ မိမိရုပ်ရည်အတွက် စိုးရိမ်စိတ်တွေ ပိုဖြစ်စေပေါ်လာစေပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေ့စဉ်အစားအစာ၊ ကိုယ်အလေးချိန် ရုတ်တရက် တက်ခြင်း သို့မဟုတ် ကျဆင်းခြင်း၊ ပင်ပန်းမှုဒဏ်၊ အံကိုက်မဖြစ်တဲ့ အတွင်းခံ (ဘရာစီယာ)၊ အရက်သေစာ နဲ့ တခြားအရာများစွာ အပါ အကြောင်းရင်းများစွာတို့ရဲ့ အကျိုးရလဒ်တစ်ခုအဖြစ် ရင်သား ကျစ်လစ်တောင့်တင်းမှု ဆုံးရှုံးပါတယ်။ ကိုယ်ဝန်လွယ်အခါ ရင်သားအိတွဲကျစေတာက ကလေးကိုနို့တိုက်ခြင်းကြောင့် မဟုတ်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်းကြောင့်သာ ဖြစ်တယ်။
ရင်သားအသွင်ဖြည်းဖြည်းနဲ့ပုံမှန်ပြောင်းလဲမှုကို နည်းလမ်းများစွာဖြင့် ကာကွယ်နိုင်
၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
၂။ ရေများများသောက်ပါ။
၃။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေစဉ်အစားအစာနဲ့ ပုံမှန်လေ့ကျင့်ခန်း ဆောင်ရွက်ပါ။
၎။ သလဲသီး သို့မဟုတ် ရှားစောင်းလက်ပတ်ဖြင့်လုပ်ထားတဲ့ ဆီ သို့မဟုတ် ခရင်မ်တွေ  ပုံမှန်လိမ်းပါ။
ရင်သားအိကျခြင်းကာကွယ်ရာမှာ အလွန်အမင်းထိရောက်သော ကုထုံးတချို့လည်းရှိပါသေးတယ်။
၁။ ဒိုက်ထိုးခြင်း၊ အလေးမခြင်းစတဲ့ ရင်ဘတ်အသားပေး ကိုယ်ကာယလေ့ကျင့်ခန်း
၂။ ရင်သားနှိပ်နယ်ခြင်း ဖြစ်နိုင်ပါက ရေခဲနဲ့ဆို ပိုကောင်းပါတယ်။
၃။ သီးနှံဆီဖြင့် ရင်သားနှိပ်နယ်ခြင်း
အိကျနေသော ရင်သားများအတွက် အံ့မခန်းစွမ်းဆောင်ပေးမယ့် အိမ်တွင်းဆေးနည်း
ပါဝင်ပစ္စည်းများ
ဒိန်ချဉ် (၁) ခွက်
ဗီတာမင် - အီး ဆီ ၂ လုံး
ကြက်ဥ (၃) လုံး
လမ်းညွန်ချက်များ
ပါဝင်ပစ္စည်းအားလုံးအတူတကွ ရောသမမွှေပါ။ အဲဒီအရောအနှောနဲ့ ရင်သားကို ညင်သာစွာ နှိပ်နယ်ရင်း လိမ်းပေးရပါမယ်။ နာရီဝက်ခန့်ကြာအောင်ထားပြီး ရေအေးဖြင့် ဆေးကြောပေးရပါမယ်။ 
Ref: healthyfoodteam
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment