ရွှေည၀ါဆရာတော် တရားပွဲ တားဆီးခံရခြင်းကြောင့် ဖျက်သိမ်းရ


      မန္တလေးမြို့တွင် ကျင်းပမည့် ရွှေည၀ါ ဆရာတော်၏ တရားပွဲအား မြို့နယ်သံဃာ နာယက အဖွဲ့၏ တားဆီးမှုကြောင့် ဖျက်သိမ်းလိုက်ရကြောင်း အဆိုပါ တရားပွဲ အလှူရှင် ကိုသားငယ်က ပြောသည်။

      အောက်တိုဘာလ (၂၃) ရက်၊ (၂၄) ရက်တို့တွင် မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ် သင်္ဂဇာကျောင်းတိုက် အတွင်း၌ ကျင်းပပြုလုပ်မည့် ရွှေည၀ါ ဆရာတော်ကြီး၏ တရားပွဲအား ချမ်းအေးသာဇံမြို့နယ် သံဃာနာယက အဖွဲ့မှ ပိတ်ပင်တားမြစ် ခဲ့သဖြင့် တရားပွဲ ဖျက်သိမ်းပေးလိုက် ရကြောင်း အလှူရှင် မိသားစုထံက သိရသည်။

      “ကျွန်တော့်လက်ထဲကို တားမြစ်စာ ကတော့ (၂၀) ရက်နေ့မှာ ရောက်လာပါတယ်။ ပထမတော့ ကျွန်တော်လည်း ဘာဖြစ်ဖြစ် ဆက်ကျင်းပဖို့ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရွေးကောက်ပွဲကို ထိခိုက်မှာလည်း စိုးတယ်၊ ပြီးတော့ ဒီဖြစ်စဉ်လေးကြောင့် ကျွန်တော်အဖေရဲ့ မွေးနေ့ပွဲလေး မပျက်စေချင်လို့ နောက်ဆုတ် ပေးလိုက်ပါတယ်။ ကျွန်တော် ကြောက်လို့ နောက်ဆုတ် လိုက်ရတာတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲပြီးရင် ထပ်လုပ်သွားမှာပါ ” ဟု ကိုသားငယ်က ဆက်ပြောသည်။

      ရွှေည၀ါ ဆရာတော်ကြီး၏ တရားပွဲအား မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ် သံဃနာကအဖွဲ့မှ ပေးပို့သော အကြောင်းကြားစာတွင် ရွှေည၀ါဆရာတော် ဦးပညာသီဟ တရားဟောကြားမည့် ကိစ္စအပေါ် နိုင်ငံတော် သံဃမဟာနာယ အဖွဲ့၏ ညွှန်ကြားချက်ကို သိရှိနိုင်ပါရန် ပေးပို့ခြင်းဟု ပါဝင်ခဲ့သည်။

      အဆိုပါ အကြောင်းကြားစာတွင် ရွှေည၀ါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ (၂၃.၂. ၂၀၁၅) ရက်နေ့တွင် ကျင်းပသော (၄၇) ပါးစုံညီ သတ္တမအစည်းအဝေးက အပိုဒ်(ခ) ၌ ဓမ္မကထိက ဂုဏ်ရည်နှင့် မညီညွတ်သောကြောင့် တရားဟောခြင်းကို လုံးဝ (လုံးဝ) ခွင့်မပြုရန်ဟု ဆုံးဖြတ် ညွှန်ကြားထားသည်ဟုလည်း ဖော်ပြထားသည်။

      “ဘုရားရှင် လက်ထက်ထဲက တရားပွဲတွေမှာ ခွင့်ပြုမိန့် ယူရတယ်ဆိုတာမျိုးကို ကျွန်တော်တော့ ဉာဏ်မမီလို့လားတော့ မသိဘူးဗျာ။ မမှတ်သားခဲ့ ရဖူးဘူး။ အဲဒီ တားမြစ်ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း ရွှေည၀ါ ဆရာတော်ကြီးကို လျှောက်ထားပြီး သွားပါပြီ၊ ဆရာတော်ကြီးခမျာလည်း ဒီတရားပွဲကို တော်တော်အားခဲထားတာ”ဟု အလှူရှင် ကိုသားငယ်က ဆက်ပြောသည်။

      အလှူရှင် ကိုသားငယ် မိသားစုအနေဖြင့် ဖခင်ကြီး (၅၈) နှစ်ပြည့်မွေးနေ့ အထူး ဓမ္မသဘင်အား အောက်တိုဘာလ (၂၂) ရက်နေ့မှ စတင်ကာ အောက်တိုဘာလ (၂၄) ရက်နေ့အထိ  ကျင်းပရန် ရည်ရွယ်ထားပြီး ရွှေည၀ါ ဆရာတော်ကြီးမှာ နောက်ဆုံး နှစ်ရက်တိုင်တိုင် ဟောကြားရန် စီစဉ်ထားရာမှာ  ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

The Messenger Media
http://www.messengerdaily.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment