ဓါတ်ပုံ- မေလက ပန်ဆန်းတွင်ကျင်းပသော အစည်းအဝေး |
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကမကထ ပြုမှုဖြင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်လက်မှတ် မထိုးသည့် တပ်ဖွဲ့ဝင်များ ပန်ဆန်းမြို့၌ လာမည့်နိုဝင်ဘာလ ဆန်းပိုင်း ၌ တွေ့ဆုံ မည်ဟုသိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁ - ၃ ရက်နေ့အထိ ကျင်းပမ ည်ဖြ စ်ကြောင်း၊ NCA လက်မှတ် မထိုးသည့် အဖွဲ့များကို သာဖိတ်ကြားထား သည်ဟုဆိုသော်လည်း ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ နယ်ဒါးမြ ဦးဆောင်သည့် KNDO တပ်ဖွဲ့ကိုတော့ ဖိတ်ကြားထားကြောင်း၊ အစည်းဝေးပွဲ တက် ရောက်ရန် အောက်တိုဘာ ၂၄ ရက်နေ့က ဖိတ်စာ လက်ခံထားရသည့် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။
“ဆွေးမယ့်အကြောင်းရင်းက ဒီရွေးကောက်ပွဲကျင်းပ မယ့်ကိစ္စရယ်၊ ရွေးေ ကာက်ပွဲ အပြီးတက်လာမယ့် အစိုးရ ကိစ္စရယ် အဓိက က အဲဒီ နှစ်ချက် ပဲပါတယ်။ အဲဒီကိစ္စအပေါ် ဘယ်လိုသဘောထားရှိမလဲပေါ့” - ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
“အစည်းအဝေးဖိတ်တာတော့ UNFC အဖွဲ့ဝင်အများစုပါတယ်။ လက် မှတ် ထိုးလိုက်တဲ့ UNFC အဖွဲ့ဝင် တွေတော့မပါဘူးပေါ့။ ဆိုပေမယ့်လဲ UNFC အဖွဲ့ဝင်တွေ ဖြစ်တဲ့ လားဟူ LDU ၊ ‘ ဝ’ WNO ၊ ရခိုင် ANC တို့တော့ မဖိတ် ဘူး၊ ဒါပေမယ့် ကရင် KNDO နဲ့ ကယန်း KNLP တို့ကိုတော့ဖိတ်ထား တယ်လို့သိရတယ် ” - ဟု UNFC အဖွဲ့ဝင် ခေါင်းဆောင်ပိုင်း တဦးကပြော သည်။
အစည်းဝေးတက်ရောက်မည့် အဖွဲ့အစည်းများမှာ ၀ တပ်ဖွဲ့အပါအဝင် ၁၂ ဖွဲ့ ရှိကြောင်း၊ ထိုအဖွဲ့များ တွင် မွန်ပြည်သစ်ပါတီ NMSP ၊ သျှမ်းပြည် တိုးတက်ေ ရး ပါတီ SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ပလောင်(တအာင်း) တပ်ဖွဲ့ TNLA ၊ ရခိုင့်တပ်မတော် AA ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင် KNDO ၊ ကယန်း ပြည်သစ်ပါတီ KNLP ၊ နာဂ NSCN – K နှင့် အိမ်ရှင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA တို့ဖြစ် ကြသည်။
“အခု အစည်းအဝေးက ရွေးကောက်ပွဲ နဲ့ အစိုးရသစ်အတွက်ပဲ တကယ်ေ ဆွးနွေးမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့အားလုံးကို ဖိတ်ရမှာပေါ့။ အခုက လက်မှတ်မထိုးတဲ့ အဖွဲ့ကို ဘဲ ရွေး ဖိတ်တယ်ဆိုတော့ NCA ကိစ္စလည်းပါနိုင် တယ်။ မြောက်ပိုင်းဒေသ အတွင်း မှာ ဖြစ် ပွားနေ တဲ့ ထိုးစစ်ဆင်ကိစ္စတွေ လဲပါနိုင်တယ်” - ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦး ကလဲပြောသည်။
ပြီးခဲ့သည့် မေလကလဲ ထိုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အစည်းအဝေး ပန်ဆန်းမြို့၌ ပထမ တကြိမ်ကျင်းပခဲ့ဖူးသည်။ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက် အရ ထိပ်သီးအစည်းအဝေး အား ၀ တပ်ဖွဲ့မှ နောက်ထပ်တကြိမ် ကမကထ ပြုကျင်းပမည်၊ ငြိမ်းချမ်းရေးဖြစ်
စဉ်တွင် ၀ တပ်ဖွဲ့မှ ဦးဆောင် ဦးရွက်ပြုမည် စသဖြင့်ပါဝင်သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
0 comments:
Post a Comment