ထိုးထွင်းဥာဏ်ရိတဲ့ creative ဆိုတဲ့ ဝေါဟာရက ရေပန်းအစားဆုံးစကားဖြစ်ပါတယ်။ ထက်ထက်မြက်မြက်ရှိသော၊ တက်ကြွသော၊ ပြီးတော့ အတွေ့အကြုံနှံ့စပ်သော ဆိုတဲ့စကားလုံးတို့က နောက်ရေပန်းအစားဆုံး စကားလုံးများဖြစ်တယ်လို့ ဆိုပါတယ်။
အသက်မွေးမှု လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် David Schwarz က ရေးပန်းစားတဲ့ စကားလုံးများ အသုံးပြုခြင်းက မိမိ အလုပ်လျှောက်လွှာ CV ကို ယျေဘူယျကျစေရုံမက သက်ဆိုင်ရာလုပ်ငန်းရှင်ကို လှည့်စားဖို့ ကြိုးစားနေကြောင်း ထင်မြင်ယူဆစေပါတယ်။
အပေါ်ယံရွှေမှုန်ကြဲသလိုဖြစ်နေတာကြောင့် ယင်းစကားလုံးတို့ဟာ လှည်းစားနေပြီဆိုတဲ့ အသိကိုပဲ ရစေတယ်လို့ Schwarz က ဆိုပါတယ်။ အလုပ်လျှောက်လွှာမှာ ဖော်ပြထားသမျှကို သက်သေအထောက်အထားနဲ့တကွ ဒွန်တွဲဖော်ပြထားဖို့ လိုပါတယ်။
အချက်အလက်တစ်ခုခုနဲ့ တွဲမပြနိုင်ပါက မိမိ CV ထဲ မထည့်သွင်းသင့်ပါဘူး။ လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာထဲမှာ စိတ်လှုံ့ဆော်မှုကို လုံးဝမပါဝင်စေသင့်ကြောင်း သူက ပြောပါတယ်။
အောက်ပါ ဝေါဟာရတွေဟာ မိမိအကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အတွေ့များဆုံး စကားလုံးတွေဖြစ်ပါတယ်။
1. ထိုးထွင်းဥာဏ်ရှိသော - Creative
2. ထိရောက်သော - Effective
3. တက်ကြွသော - Motivated
4. အတွေ့အကြုံနှံ့စပ်ခြင်း - Extensive experience
5. လက်တွေ့အောင်မြင်မှု - Track record
6. တီထွင်ဆန်းသစ်သော - Innovative
7. တာဝန်သိတတ်သော - Responsible
8. ဆန်းစစ်သော - Analytical
9. ဆက်ဆံရေးပြေပြေပြစ်ပြစ်ရှိခြင်း - Communication skills
10. အကောင်းမြင်တတ်သော - Positive စတဲ့ စကားလုံးများပဲ ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်လျှောက်တဲ့အခါ ဒါတွေကို ရမ်းမသုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်။
TrendMyanmar
0 comments:
Post a Comment