NLD ကိုမဲပေးမှာလို့ ပြောလာတဲ့ ခေမာက တစ်ကိုယ်တော် Mini Album ကို အကောင်အထည်ဖော်နေကြောင်းပြောပြ


ဂီတသက်တမ်း ၅ နှစ်ရှိပြီလို့ ပြောပြလာတဲ့ ခေမာက ၂၀၁၅ ရွေးကောက်ပွဲမှာလဲ NLD ကိုပဲမဲပေးမှာဖြစ်သလို လက်ရှိမှာလဲ တစ်ကိုယ်တော် Mini Album လေးကို စတင်အကောင်အထည်ဖော်နေပြီမို့ သူမနဲ့ပတ်သက်ပြီး ပရိသတ်သိချင်မယ့် အချစ်ရေးနဲ့ လက်ရှိ ဂီတလှုပ်ရှားမှုအကြောင်းကို မေးမြန်း ဖြစ်တဲ့အခါ
-အခုလက်ရှိ ဂီတလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
ညီမမနေ့ကမှ ရခိုင်ကပြန်ရောက်တယ်။ Supermodels အဖွဲ့နဲ့ပေါ့။ ရှိုးသွားဆိုတာပါ။ ရခိုင်ပြည်နယ် အန်းမြို့မှာပေါ့။ တခြားနယ်ရှိုးပွဲတွေလဲ လက်ခံထားတယ်။ ဓာတ်ပုံရိုက်တွေလဲ လက်ခံထားပါတယ်။
-သတင်းကျွတ်ရော ဘယ်မှာရှိမလဲ။
သတင်းကျွတ်ကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ ပွဲမရှိရင် မိဘတွေကို လိုက်ကန့်တော့ပါမယ်။ တန်ဆောင်တိုင်ကတော့ ရန်ကုန်မှာရှိဖို့များတယ်။ အတိအကျတော့ မသိရသေးပါဘူး။
-တစ်ကိုယ်တော်အခွေရော စီစဉ်ထားတာမျိုးရှိနေမလား။
ညီမတို့Supermodels အဖွဲ့အနေနဲ့လဲ ထွက်ဖို့ရှိတယ်။ အခုလောလောဆယ်က ညီမတစ်ယောက်တည်းအနေနဲ့Mini Album ပုံစံမျိုးလေးထွက်မှာပါ။ အားလုံးတော့ပြီးသွားပါပြီ။ အချောသွင်းဖို့ပဲ ကျန်ပါတော့တယ်။
-Mini Album ဆိုတော့ သီချင်း ဘယ်နှစ်ပုဒ်လောက်ရောထည့်ဖြစ်မလဲ။
၈ပုဒ်လောက်ပဲ ထည့်ထားမှာပါ။ စီဒီအရင် ထွက်မယ်။ ဒီရက်ပိုင်းမှာလဲ အမ်တီဗီ ရိုက်ကူးမှုတွေ စလုပ်သွားမှာပါ။ Mini Album ထွက်ပြီးမကြာခင်မှာ အမ်တီဗီကိုထွက်မှာပါ။
-Mini Album ပဲလုပ်ဖြစ်တာကရော ဘာကြောင့်များလဲ။
ညီမမှာ သီချင်းက တစ်ခွေစာတော့ရှိပါတယ်။ ဒါပေမဲ့ ညီမပရိသတ်တွေနဲ့ခဏခဏ ထိတွေ့ချင်တာကြောင့် ၂ ခွေခွဲထွက်ချင်တဲ့ အတွက်ရယ်၊ သီချင်းနည်းနည်းလေးနဲ့ပရိသတ်ကို ပိုပြီး ထိရောက်မယ်ထင်လို့ပါ။
-တေးရေးအနေနဲ့ကရော ဘယ်သူတွေပါမလဲ။
တေးရေးက Ar-T၊ သားသား၊ ထက်ယံ၊ ဥာဏ်ထက်၊ ကိုဝေလပါပါမယ်။ ကိုယ်တိုင်ရေးသီချင်းတော့ မပါပါဘူး။
-ဒီ Mini Album လေးက တစ်ကိုယ်တော်လိုဖြစ်နေတော့ အဖွဲ့နဲ့လုပ်တဲ့ ပုံစံတွေနဲ့ရော အတူတူပဲဖြစ်မလား။ ကွဲထွက်နေမလား။
များသောအားဖြင့် ညီမကတော့ ပရိသတ်လက်ခံမဲ့ ပုံစံလေးတွေပဲရွေးပြီးလုပ်ထားပါတယ်။ အရမ်းကြီးထူးထူးဆန်းဆန်းပုံတော့ မလုပ်ထားပါဘူး။ ညီမအခွေထဲမှာ Featuring အနေနဲ့ ထက်ယံရယ်၊ သားသားရယ်၊ Super Models ရယ် ပါပါမယ်။
-ထည့်ထားတဲ့ သီချင်းအမျိုးအစားကရော အမြူးလေးတွေများမလား။ အသည်းကွဲသီချင်းတွေများမလား။ ဘယ်လိုပုံစံတွေများမလဲ။
ညီမအကုန်လုံးတော့ မျှအောင်လုပ်ထားပါတယ်။ ပရိသတ်လဲကြိုက်မဲ့ပုံစံမျိုး၊ ညီမလဲကြိုက်မဲ့ ပုံစံမျိုးကိုမျှပြီးလုပ်ထားပါတယ်။ အသည်းကွဲသီချင်းလေးတွေလဲပါပါတယ်။
-ဒီအခွေလေး စီစဉ်နေတာရော ဘယ်လောက်ကြာသွားပြီလဲ။
ညီမကြာပါပြီ။ ၅လ၆လလောက်တော့ရှိပြီပေါ့။
-အခွေလေးရော ဘယ်တော့လောက်ထွက်ဖို့ရောမှန်းထားလဲ။
ဒီဇင်ဘာသော်လည်းကောင်း၊ နောက်နှစ် ဇန်န၀ါရီလောက်သော်လည်းကောင်းမှန်းထားပါတယ်။
-အနုပညာအပြင် စီးပွားရေးပိုင်းနဲ့ပတ်သက်ပြီးတော့ ၀ါသနာပါတာမျိုး လုပ်ဖို့စီစဉ်ထားတာမျိုးရောရှိနေမလား။
ညီမစီးပွားရေးနဲ့ပတ်သက်ပြီး ဖက်ရှင်ကို စိတ်ဝင်စားပါတယ်။ အနုပညာပြီးရင် စီးပွားရေးနဲ့ပတ်သက်ပြီး ဖက်ရှင်နဲ့ပတ်သက်တာကို လုပ်ဖို့လဲအစီအစဉ်ရှိပါတယ်။
-အချစ်ရေးကလဲလျှို့ဝှက်ထားတာမျိုးမရှိဘူး။ public မှာတွဲတာတွေ့ရတယ်။ ပရိသတ်တော်တော်များများကလဲ အားကျကြတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ သိချင်ပါတယ်။
အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ သူလဲအဆိုတော်၊ ညီမလဲအဆိုတော်မဖြစ်ခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက်မေတ္တာမျှလာကြတာဆိုတော့ အရမ်းကြီးညှိစရာမလိုဘူး။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုက အရမ်းရှိတယ်။ ချစ်သူသက်တမ်းကလဲ ၇ နှစ်ရှိပြီဆိုတော့လေ။ သူကလဲ အေးအေးဆေးဆေး ညီမလဲအေးအေးဆေးဆေးပဲ။ ဒီအတိုင်းနေရင်းနဲ့ကြာသွားတာပဲ။ သူလဲဘာမှမဖြစ်ခင်၊ ညီမလဲ ဘာမှမဖြစ်ခင်ကတည်းကကြိုက်လာကြတာဆိုတော့ သူလဲညီမကိုယုံကြည်မှုရှိသလို၊ ညီမလဲသူ့ကို ယုံကြည်မှုရှိပါတယ်။ သူ့ပုံစံကလဲ ညီမဟိုးအရင်ကတည်းကစိတ်ကူးထားတဲ့ ယောကျာ်းလေးပုံစံမျိုးနဲ့ကိုက်ညီလို့ပါ။
-Mini Album အခွေလေးနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်တွေကို ဘယ်လိုမျိုးလေးပြောပြချင်သေးလဲ။
အစက ညီမတစ်ခွေလုံး ထွက်မို့ကနေ သားသားနဲ့ ၂ ယောက် Mini Album လေးထွက်မယ်ပေါ့။ ဒါပေမဲ့ သီချင်းကနည်းနေသေးတော့ သားသားက တစ်ယောက်တည်း Mini Album ပဲထွက်လိုက်ပါဆိုတာနဲ့ထွက်လိုက်တာပါ။ ဒီဇင်ဘာသို့မဟုတ် ဇန်န၀ါရီထွက်နိုင်အောင်ကြိုးစားနေပါတယ်။
-၂၀၁၅ ရွေးကောက်ပွဲမှာရော ဘယ်ပါတီကို မဲပေးဖြစ်မလဲ။
ညီမကတော့ ဘယ်လိုပဲဖြစ်ဖြစ် NLD ကိုပဲမဲပေးမှာပါ။ အကုန်လုံးမျှော်လင့်ထားတဲ့ သူကိုပဲ မဲနိုင်စေချင်ပါတယ်။
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment