NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သာကေတမြို့ နယ်အတွင်း မဲဆွယ်စည်းရုံးစဉ် ဓါးဖြင့် အခုတ်ခံရ၊ ဒဏ်ရာပြင်းထန်



ယနေ့ အောက်တိုဘာ ၂၉ရက် ည ၉ နာရီခန့်က သာကေတမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်အမတ်လောင်း ကိုနိုင်ငံလင်း နှင့် အဖွဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သာကေတမြို့ နယ်အတွင်း ဖျော်ဖြေရေး အလှယာဉ်ဖြင့် လှည့်လည်မှုအပြီး အပြန် ၃ ရပ်ကွက်၊ မာန်ပြေ ၈ လမ်း ခတ္တရပ်နားပြီး ရေသောက်နေချိန်တွင် နောက်မှ ဓားဖြင့် ခုတ်ခံရသည်ဟု NLD သတင်းရင်းမြစ်များထံမှ သိရသည်။
ကိုနိုင်ငံလင်းမှာ ဂြိုလ်စောင်းကို ဓါးဖြင့် ခုတ်ခံခဲ့ရပြီး လက်ချောင်း အချို့ မှာလည်း ပြတ်လုနီးပါး ထိခိုက်သွားသည်ဟု သိရသည်။ အသက်အန္တရယ် မစိုးရိမ်ရသော်လည်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသမှုများ ခံယူလျက်ရှိသည်။ ကိုနိုင်ငံလင်းနှင့်အတူ အောင်နိုင်ရေးအဖွဲ့မှ ၂ ဦးလည်း ဓါးဒဏ်ရာအနည်းငယ်စီ ရရှိသွားသည်ဟု ဆိုသည်။

ကိုနိုင်ငံလင်းအား တိုက်ခိုက်ရာတွင် တစ်ဦးမှာ ဓါးကိုင်ထားပြီး ကျန် လူအချို့ မှာ လက်နက်မပါဟု ဆိုသည်။ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်ဟု NLD သတင်းရင်းမြစ်များက ဆိုသည်။ ဓါးဖြင့် ခုတ်သူ တစ်ဦးကိုသာ ဖမ်းမိထားဖွယ်ရှိသည်။ ကိုနိုင်ငံလင်းသည် ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲ တွင် နေပြည်တော် မဲဆန္ဒနယ်တစ်ခုမှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် သာကေတမြို့ နယ်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကိုနိုင်ငံလင်းသည် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်နေဆဲဖြစ်သဖြင့် လက်ရှိအစိုးရသက်တမ်းတွင် သွေးထွက်သံယို အသက်ကို ရန်မူခံရသည့် ပထမဦးဆုံး အမတ်တစ်ဦးဖြစ်သည်။

  မောင်နိုး

ဓါတ်ပုံ - ကိုထွန်းမြင့် ၊ ကိုသန့်ဇော်
The Ladies News Journal
https://www.facebook.com/News.TheLadies/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment