လှပသော အမျိုးသမီးများကို အသုံးချပြီး နိုင်ငံတော် လျှို့ဝှက်ချက်များကိုရယူ


တရုတ်အစိုးရသည် လှပချောမောသော အမျိုးသမီးများကို အသုံးချပြီး ဗြိတိန် ထောက်လှမ်းရေး အရာရှိများထံမှ လျှို့ဝှက်ချက်များကို ရယူနေကြောင်း သတင်းများက ဖော်ပြသည်။
      ဗြိတိန်ထောက်လှမ်းရေး အဖွဲ့ MI6 အရာရှိဟောင်းများအား အမျိုးသမီးများကို အသုံးချပြီး စည်းရုံးသိမ်းသွင်းကာ ထောက်လှမ်းရေး အချက်အလက်များကို ရယူနေကြောင်း၊ ယင်းကြောင့် တရုတ်သည် အစ္စလာမ်နိုင်ငံတော် (IS) အကြမ်းဖက် အဖွဲ့ထက်ပင် ပိုမိုကြောက်စရာ ကောင်းနေကြောင်း ထောက်လှမ်းရေး အရာရှိချုပ်များက ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား သတိပေး ပြောဆိုခဲ့သည်။
      တရုတ်သူလျှိုများသည် ထောက်လှမ်းရေး အရာရှိများနှင့် မိသားစုများကို ပစ်မှတ်ထားနေကြောင်း MI6 ၏ ရုံးတွင်း မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့ရှိ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးစီးပွားများနှင့် ပတ်သက်ပြီး သတင်းအချက်များ သိရှိထားသည့် အရာရှိဟောင်းများမှာလည်း ပစ်မှတ်ထား စည်းရုံးသိမ်းသွင်း ခံနေရကြောင်း မှတ်တမ်းတွင် ရေးသားထားသည်။
      သူလျှိုဟောင်း များစွာသည် တရုတ် အမျိုးသမီးများ၏ သွေးဆောင် ဖြားယောင်းခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ တရုတ် သူလျှိုကွန်ရက်တွင် လှပသော အမျိုးသမီးများစွာ ပါဝင်နေပြီး။ ၎င်းတို့သည် အထီးကျန် ဆန်သောနေသော ဗြိတိန်သူလျှို ဟောင်းများအား အိပ်ရာတွင်းသွင်းကာ လိင်သာယာမှု ပေးပြီးနောက် သတင်းအချက်အလက်များ ညှစ်ထုတ်ယူတတ်ကြောင်း ယင်းနည်းလမ်းဖြင့် အဆင်မပြေပါက ငွေညှစ်သည့် နည်းလမ်းကို အသုံးချတတ်ကြောင်း သတင်း အရင်းအမြစ်တစ်ခုက Daily Star သို့ ပြောဆိုခဲ့သည်။   
Source:Mirror
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment