ဘလော့ဂါတစ်ဦး သတ်ဖြတ်ခံရမှုမှာ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု အယ်လ်ကိုင်ဒါ နှင့် ဆက်စပ်နေသည့် အဖွဲ့တစ်ဖွဲ့က ပြောကြား

ဘလော့ဂါတစ်ဦး သတ်ဖြတ်ခံရမှုမှာ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု အယ်လ်ကိုင်ဒါ နှင့် ဆက်စပ်နေသည့် အဖွဲ့တစ်ဖွဲ့က ပြောကြား

2 November 2015 10:40(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)


 

ဒါကာ ၊ ၂-၁၁-၂၀၁၅

 ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘလော့ဂါ တစ်ဦး သတ်ဖြတ်ခံ ရမှုသည် မိမိတို့၏ လက်ချက် ဖြစ်သည်ဟု အယ်လ်ကိုင်ဒါ စစ်သွေးကြွ များနှင့် ဆက်စပ်နေသည့် အဖွဲ့တစ်ဖွဲ့က ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ဘလော့ဂါ ဖာအီဆယ် အာရီဖင်းဒီပန် သည် ဒါကာမြို့တော်ရှိ တိုက်ခန်းတစ်ခု ၏ တတိယထပ် ရုံးခန်း၌ အောက်တိုဘာ ၃၁ ရက်က သတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ် ပြီး ၄င်းသည် ယခင်က သတ်ဖြတ်ခံခဲ့ ရသူ အခြား ဘလော့ဂါ အဗီဂျစ်ရွိုင် နှင့် အတူတကွ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဒီပန် သည် တိုက်ခိုက်မှု ခံရပြီးနောက် ချက်ချင်း ဆိုသလို သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်သွေးကြွများ ၏ ပြောကြားချက် များမှာ မှန်ကန်မှု ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ဒေသတွင်း ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

ဒီပန် ကို တိုက်ခိုက်မှုမှာ မြို့တော်ရှိ ဂျာနယ်လစ် နှစ်ဦးနှင့် ထုတ်ဝေသူ နှစ်ဦးကို အမည်မသိ တိုက်ခိုက်သူများက ဓားဖြင့်ထိုး၍ တိုက်ခိုက်ပြီး နောက်တစ်ရက် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အစွန်းရောက် အစ္စလာမ်ဝါဒီ များက ဘာသာတရားမဲ့ ဂျာနယ်လစ် များကို မကြာသေးမီက စတင်၍ ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment