ဖိလစ်ပိုင်၌ စစ်သွေးကြွများ၏ ပြန်ပေးဆွဲခြင်း ခံရသော တောင်ကိုရီးယား အမျိုးသားတစ်ဦးကို သေဆုံးလျက် ပြန်တွေ့

2 November 2015 10:40(+0630) (


S. Korean Seized by Extremists Found Dead in Philippines
မနီလာ ၊ ၂-၁၁-၂၀၁၅

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ လွန်ခဲ့သည့် ၁ဝ လက အဘူဆေယက်ဖ် စစ်သွေးကြွ များ၏ ပြန်ပေးဆွဲမှုကို ခံရသော တောင်ကိုရီးယား အမျိုးသား တစ်ဦးကို သေဆုံးလျက် အနေအထားဖြင့် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ များက နိုဝင်ဘာ ၁ ရက်တွင် ပြောကြား ခဲ့သည်ဟု သိရသည်။

နွိုင်ဆောင်ဟောင် အမည်ရှိ အဆိုပါ အမျိုးသား၏ ရုပ်အလောင်းကို စစ်သွေးကြွ များ ထိန်းချုပ်ထားသည့် ဆူးလူးပြည်နယ် အင်ဒါနန်မြို့ ရှိ လမ်းဘေး တစ်နေရာတွင် အောက်တိုဘာ ၃၁ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်း စစ်သွေးကြွ များသည် ပြည်နယ်အတွင်း ရှိ တောင်ပေါ် ဒေသများ၌ အခြေစိုက် ထားသော ၄င်းတို့၏ စခန်းတွင် ပြည်တွင်းပြည်ပမှ အရပ်သား များကို ပြန်ပေးဆွဲပြီး ချုပ်နှောင် ထားကြောင်း စစ်ဘက်မှ ဗိုလ်မှူးချုပ် အယ်လန် အေရိုဂျာဒို ၏ ပြောကြားချက် အရ သိရသည်။

အသက် ၇၄ နှစ် အရွယ်ရှိ နွိုင်ဆောင်ဟောင် သည် ဇန်နဝါရီလက ဇမ်ဘိုအန်ဂါဆီ ဘူဂေး ပြည်နယ် တောင်ပိုင်း ဂိုဆယ်လ်လာလင်မ် မြို့ရှိ ၄င်း၏ နေအိမ်တွင် သေနတ်သမား ငါးဦး၏ ဖမ်းဆီး ခေါ်ဆောင်မှုကို ခံခဲ့ရခြင်း ဖြစ်ပြီး ပြန်ပေးငွေ ဖိလစ်ပိုင် ပီဆိုငွေ သန်း ၅၀၀ ( အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၆ သန်း ) ကို စစ်သွေးကြွများက တောင်းခံ ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ေ
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment