ကောင်မလေးအလောင်းနဲ့ လိင်ဆက်ဆံရင်း၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းခံထိ

Macabre: A Cambodian man has been arrested for trying to perform a sex act on the corpse of a 17-year-old girl after digging up her grave (not pictured) the day after her funeral

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။
တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်းထုတ်ပြန်ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေတာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။
“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရားမှာလည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။
( Jack )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment