Facebook မှာရေပန်းစားနေတဲ့ မေမေတို့ရဲ့စစ်ပွဲများ

'Not for the feint of heart': A controversial parenting page on Facebook - Mummy Wars - Aussie Style - has come under fire for their harsh content and been labelled a bullying group 

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း Blog ရေးတဲ့ အမေတွေ တော်တော်များလာပါတယ်။ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အုပ်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်တွေလည်း ထောင်ပေါင်းများစွာ ရှိလာခဲ့ပါတယ်။

Mummy Wars – Aussie Style ဆိုတဲ့ clsed group တစ်ခုကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Comments အထွေထွေ၊ ကြွယ်ဝလှတဲ့ ဘာသာစကားနဲ့ သဘောထားကွဲလွဲချက်တွေ၊ တစ်ခါတစ်ခါ ရန်လိုမှုတွေပါရှိတဲ့ post တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ 

အသင်းဝင်ပေါင်း ၇၀၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ဟာ ဒီ Group မှာ အနိုင်ကျင့်ခံရမှုတွေကို လျစ်လျူရှုနေကြတယ်လို့ စွပ်စွဲကြပြီး page ပိတ်ချဖို့ကို တောင်းဆိုခံခဲ့ရပါတယ်။ သူတို့ Group က ထောက်ပံ့ကူညီရေး လုပ်ဆောင်တဲ့ အဖွဲ့မဟုတ်ဘူးဆိုတာကို Page အဝင်ဝမှာထဲက ကြေညာထားပြီးသားပါ။ 

ဒီ page မှာတင်ထားတဲ့ ပို့စ်တွေကတော့ အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အကြောင်းတွေကို သွယ်ဝိုက်ပြောဆိုထားချက်တွေ ပါပါတယ်။ မိခင်ပုံစံအမျိုးမျိုးနဲ့ သူတို့ရဲ့ အုပ်ထိန်းမှုပုံစံတွေအကြောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ Comment တွေနဲ့ နှောင့်ယှက်မှုတွေလဲ ပါဝင်ပါတယ်။

Mummy Wars – Aussie Style က မိခင်ဖြစ်သူတွေဟာ သိပ်ကို ပွင့်လင်းလွန်းကြပါတယ်။ ဒီ Page က ဟန်လုပ်အယောင်ပြ တတ်တဲ့သူတွေအတွက်တော့  နေရာမဟုတ်ဘူးဆိုတာ အပါအဝင် စည်းကမ်းချက်တွေကို သတိပေးပြောထားပါတယ်။
“အသိတစ်ယောက်က ကလေးမွေးလို့ သွားကြည့်တဲ့အခါ အဲ့ကလေး ရုပ်ဆိုးနေရင်၊ အရမ်းချောတာပဲ လို့ လိမ်ပြောမလား။ ရုပ်ဆိုးတာပဲလို့ ထင်တဲ့အတိုင်းပြောမလား။”

ထိုးခံထားရလို့ မျက်နှာမှာ ညိုမည်းစွဲနေတဲ့ ပုံတင်ပြီး “ဒီနေ့တော့ ဆန်းဒွစ်ခ်ျ ဘယ်လို လုပ်ရမလဲဆိုတာ သင်ယူလိုက်ရတယ်။” လို့ သွယ်ဝိုက်ပြောတာမျိုး Post တွေ အစုံပါဝင်ပါတယ်။

( Skyler )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com


Ref: Daily Mail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment