နေပြည်တော်၊ နိုဝင်ဘာ ၂
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ ဒေါ်အုန်းသန်း(၆၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးမောင်မြ(၅၅)နှစ်မှာ အမှတ်(၁၃)ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမပေါ်တွင် လဲကျနေကြောင်း သိရ၍ သွားရောက်ကြည့်ရှုရာ ဦးမောင်မြတွင် ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိရသည်။
မေးမြန်းချက်အရ အဆိုပါရပ်ကွက်နေ ရဲသူအောင်(၂၈)နှစ်သည် မိသားစုနှင့် စကားများ ရန်ဖြစ်ပြီး ဆဲဆိုကာ လမ်းမပေါ်သို့ထွက်လာစဉ် ဦးမောင်မြက ၎င်းအား ဆဲသည်ဟု ထင်မှတ်၍ မေးရာက တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ရာ ရဲသူအောင်က ဦးမောင်မြအား ထိုးကြိတ်ကန်ကြောက် ခဲ့သောကြောင့် ဒဏ်ရာများရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရ၍ အရေးယူပေးရန်တိုင်တန်းရာ ရဲသူအောင်အား မော်လမြိုင်ကျွန်းမြို့မရဲစခန်း(ပ)၁၅၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
0 comments:
Post a Comment