ဆည်ရေကန်အတွင်း ရေကူးစဉ် ဇနီးသည်ရေနစ်သည်ကို ကယ်ရာမှ လင်မယားနှစ်ဦး ရေနစ်သေဆုံး


 နတ်မောက် နိုဝင်ဘာ ၃

 နတ်မောက်မြို့နယ်ရှိ ဆည်ရေကန်တစ်ခုအတွင်း လင်မယားနှစ်ဦး ရေနစ်သေဆုံးခဲ့မှု အောက်တိုဘာ ၃၁ ရက်က ဖြစ်ပွားခဲ့ ကြောင်း နတ်မောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီက နတ်မောက်မြို့နယ် နတ်စင်ဆည် ရေကန်အတွင်း လူနှစ်ဦး ရေနစ်သေဆုံးကြောင်းသတင်းအရ နတ်မောက်မြို့နယ် စိုင်ကောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်စန်းဝေ သွားရောက်စစ်ဆေးခဲ့သည်။

နတ်မောက်မြို့နယ် စမ်းကုန်းကျေးရွာ မြောက်ဘက် နတ်စင်ဆည်ရေကန်အတွင်းသို့ ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်က စမ်းကုန်းရွာနေ လှိုင်ဇော်ဝင်း အသက် ၄၂ နှစ်၊ ၄င်း၏ ဇနီးဖြစ်သူ မဝင်းခိုင် အသက် ၃၈ နှစ်နှင့် တစ်ရွာတည်းနေ မရွှေရည်ဝင်း အသက် ၇ နှစ်တို့ သုံးဦးရေချိုးနေရာမှ မဝင်းခိုင်မှာ ရေနစ်သွားခဲ့သဖြင့် လှိုင်ဇော်ဝင်းမှလိုက်လံလိုက်လံဆယ်ယူရာ နှစ်ဦးစလုံးရေနစ်သွားခဲ့ကြောင်း မရွှေရည်ဝင်းက ရွာသို့ပြန်ကာ ပြောပြခဲ့သည်။

စမ်းကုန်းကျေးရွာနေ လူငယ်များမှ နတ်စင်ဆည်ရေကန်အတွင်း လိုက်လံရှာဖွေ ခဲ့ရာမှ အဆိုပါနေ့ ညနေ ၅ နာခန့်တွင် ဆည်ကမ်းစပ်နှင့် ပေ ၂ဝ ခန့်အကွာတွင် လင်မယားနှစ်ဦး၏အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နတ်မောက် မြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၂ဝ၁၅ ဖြင့် အမှုဖွင့်ထားသည်။

ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment