ပါ​က​စ္စ​တန် ​စက်​ရုံ​ပြို​ကျ​လို့ ​အ​ပျက်​အ​စီး​ကြီး
အ​ပျက်​အ​စီး ​တွေ ​ကြား​က ​ည​လုံး​ပေါက် ​ကယ်​ဆယ်
လူ ၇၅ ​ယောက် ​လောက် ​အ​ပျက်​အ​စီး ​ပုံ​ထဲ​က ​ကယ်​ထုတ်​နိုင်​ခဲ့​တယ် ​လို့ ​သိ​ရ​ပြီး ​အ​များ​အ​ပြား ​ဒီ​ထဲ​မှာ ​ဆက်​ပြီး ​ပိတ်​မိ ​နေ​နိုင်​တယ်​လို့​လည်း ​ယူ​ဆ ​နေ​ကြ ​ပါ​တယ်။
ကယ်​ဆယ်​ရေး ​တွေ​ကို ​ည​လုံး​ပေါက် ​ဆက်​လက် ​လုပ်​ဆောင် ​နေ​ကြ​ပြီး ​အ​သက်​ရှင် ​ကျန်​ရစ်​သူ ​တွေ​ကို ​ရှာ​ဖွေ ​နေ​ကြ​ပါ​တယ်။
အ​ရေး​ပေါ် ​အ​ဖွဲ့ ​တွေ​က ​စက်​ယ​န္တ​ရား​ကြီး​တွေ ​သုံး​ပြီး ​ကယ်​ဆယ်​ရေး ​လုပ်​နေ​ကြ​တာ​ပါ။
စက်​ရုံ ​ပြို​ကျ​တဲ့ ​အ​ကြောင်း​ကို ​သေ​ချာ ​မ​သိ​ရ ​ပေ​မယ့် ​အ​ရင်​လ​က ​အဲ​ဒီ​မှာ ​င​လျင်​ကြီး ​လှုပ်​ပြီး​နောက်​ပိုင်း ​စက်​ရုံ ​နံ​ရံ​မှာ ​အက်​ကြောင်း​တွေ ​ပေါ်​လာ​တယ်​လို့ ​ဒေ​သ​ခံ ​လုပ်​သား ​တွေ​က ​ရုပ်​သံ ​ဌာ​န​တွေ​ကို ​ပြော​ကြ ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment